Pages

Saturday, January 17, 2015

တမန်တော်မိုဟာမက်ပုံပါကာတွန်း ချာလီဟပ်ဘဒိုမဂ္ဂဇင်း ထပ်မံဖော်ပြမှု အယ်လ်ဂျီးရီးယားတွင် ဆန္ဒပြ


RangonNewsDaily:: January . 17 .2015
ပြင်သစ်အခြေစိုက် ချာလီဟပ်ဘဒို မဂ္ဂဇင်း ကာတွန်းကို အယ်ဂျီရီးယား နိုင်ငံမှာ မနေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
Untitled-7 copyပါရီက မဂ္ဂဇင်းတိုက်ကို အကြမ်းဖက်သမားတွေ တိုက်ခိုက်လို့ လူ ၁၂ ယောက် သေဆုံးတဲ့ အဖြစ်အပျက်အပြီး ထုတ်ဝေလိုက်တဲ့ တမန်တော် မိုဟာမက် ပုံပါတဲ့ ကာတွန်းလည်း မွတ်စလင်ကမ္ဘာမှာ မကျေနပ်စရာ ဖြစ်နေတာပါ။

ဆန္ဒပြသမားတွေက ကာတွန်းဟာ တမန်တော် မွတ်ဟာမက်ကို မလေးစားရာရောက်တယ်လို့ ပြောပြီး ဒီလို လုပ်နေတာကို ချက်ချင်း ရပ်ပေးဖို့ တောင်းဆိုကြပါတယ်။
::
ဆန္ဒပြပွဲဟာငြိမ်းချမ်းတဲ့ ဆန္ဒထုတ်ဖော်မှုဖြစ်ပြီး မွတ်စလင်တွေဟာ အကြမ်းဖက်သမားတွေ မဟုတ်ဘူးလို့ ဆန္ဒပြသမားတဦးက ပြောပါတယ်။
::
အယ်ဂျီရီးယားအစိုးရက မြို့တော်မှာ ရှိတဲ့ ပြင်သစ်သံရုံးကိုလည်း လုံခြုံရေး တင်းကျပ်ထားကြပါတယ်။

DVB ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment