Pages

Wednesday, January 14, 2015

အမေရိကမှာကျင်းပမယ့် ပထမဆုံး မြန်မာHip Hop Show


RangonNewsDaily:: January . 14 .2015
တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုး၊Snare၊ မိစန္ဒီနဲ့ သီရိဆွေ စတဲ့ နာမည်ကြီး လူငယ်ဟစ်ဟော့ပ် တေးသံရှင်တို့ ပါဝင်ကြမယ့်The First Myanmar Hip Hop Tour 2015 in USA ကို ၂ဝ၁၅ ခု မေလ မှာ ဖျော်ဖြေရေးခရီးစဉ် စတင်မှာ ဖြစ်တယ်လို့သိရပါတယ်။

အမေရိကဖျော်ဖြေရေးတွေမှာ တေးသံရှင်အစုံရဲ့ ဖျော်ဖြေရေးပွဲ တွေ သွားမှာဖြစ်ပေမယ့် အခုလို ဟစ်ဟော့ပ်သမားတွေချည်း ဖျော် ဖြေရေးကတော့ ပထမဆုံးအကြိမ် ပဲ ဖြစ်ပါတယ်။ ဒီဖျော်ဖြေရေးခရီးစဉ် ကိုတော့ အမေရိကက BMG & Eagle Presents နဲ့ မြန်မာပြည်က ရွှေစင်Event Creations က ပူးပေါင်းစီစဉ်တင်ဆက်တာဖြစ်ပါ တယ်။ 

အခုလို အမေရိကHip Hop Tour နဲ့ပတ်သက်ပြီး ရွှေစင်Event Creations က ကိုစိုးနိုင်ထွန်းက..
“အမေရိကမှာ ပွဲတော်တော် များများ စီစဉ်ဖူးပါတယ်။ အခုတစ် ခေါက်ကတော့ လူငယ်ဟစ်ဟော့ပ် သမားတွေချည်းသွားမှာပါ။ မေ တစ်လလုံးTour ထွက်မယ်။ 

စိုင်းစိုင်း ကို အမေရိကက ပရိသတ် တွေ မျှော်လင့်နေကြတာ ၁၅ နှစ်ရှိ ပြီ။ စိုင်းစိုင်းလည်း မအားတာနဲ့ အချိန်က ညှိလို့မရတော့ ဒီနှစ်မှသွားဖြစ်မယ့် သဘောပါ။ ခါတိုင်းဆိုရ င်ေ တာ့Tour သွားရင် ၃၊ ၄ လလောက် ကြာပါတယ်။ 

ဒီတစ်ခေါက်ကတော့ အဓိကက ဒီမှာ စိုင်းစိုင်းရဲ့ အားလပ် ရက်နဲ့ ညှိပြီးသွားရမှာဖြစ်တဲ့အတွက် မေတစ်လပဲ သွားပါ မယ်။ ၄ ပွဲကျင်းပ ပါမယ်။ ၄ မြို့မှာ ၄ ပွဲပေါ့။ တစ်ပတ် ကို တစ်ရက်၊ စနေနေ့တိုင်း တစ်မြို့ စီမှာ ပွဲကျင်းပပါမယ်။ မေလ ၂ ရက် နေ့မှာတော့ ပထမဆုံးပွဲကို ရည်ရွယ် ထား တယ်။ 

ဒါပေမဲ့ ဗီဇာတင်တဲ့ အပေါ်မှာကြည့်ပြီး ရက်ကိုတော့ ညှိ ဖို့လုပ်ထားပါတယ်” လို့ ကိုစိုးနိုင်ထွန်းကပြောပါတယ်။ဒီတစ်ခေါက် အမေ ရိက ဖျော်ဖြေပွဲမှာတော့ ပြည် ပ ရောက်တေးသံရှင်တွေပါဝင်မှာ မဟုတ် ဘဲ မြန်မာပြည်ကလူငယ်ဟစ်ဟော့ပ် တေးသံရှင်တွေပဲဟစ်ဟော့ပ် သီချင်း များနဲ့ ဖျော်ဖြေမယ့် အမေရိက ပထမဆုံး ဟစ်ဟော့ပ် ဖျော်ဖြေပွဲဖြစ် တယ်လို့သိရပါတယ်။

Popular Myanmar , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment