Pages

Wednesday, January 14, 2015

ပြေတီဦးနဲ့ လိုင်လာခန်းတို့နဲ့ ရုပ်ရှင်ရိုက်ဦးမယ့် မောင်မျိုးမင်း


RangonNewsDaily:: January . 14 .2015

‘တိုက်ဆိုင်မှုရှိလျှင်’ ဇာတ်ကားတွင် အတွဲညီညီသရုပ် ဆောင်ကာ ပရိသတ်အားပေးမှု ရရှိခဲ့သည့် ပြေတီဦး၊ လိုင်လာခန်း တို့နှင့် 

‘တိုက်ဆိုင်မှုရှိလျှင်’ ဇာတ်ကားတွင် အတွဲညီညီသရုပ် ဆောင်ကာ ပရိသတ်အားပေးမှု ရရှိခဲ့သည့် ပြေတီဦး၊ လိုင်လာခန်း တို့နှင့် ရုပ်ရှင်တစ်ကားရိုက်ကူးရန် အစီအစဉ်ရှိကြောင်း ဒါရိုက်တာ မောင်မျိုးမင်းကပြောသည်။‘‘လိုင်လာခန်းကို အရင် ဇာတ်ကားမှာမြင်ရတဲ့ ကာရိုက် တာနဲ့ဆန့်ကျင်ဘက်ပုံစံတွေ့ရ မယ်။ ပြေတီဦးကိုလည်း အရင် ပုံစံနဲ့မတူတဲ့ ကာရိုက်တာတစ်ခု နဲ့တွေ့ရမယ်’’ ဟု ပြောသည်။
ယင်းဇာတ်ကားကို ဖေဖော် ၀ါရီအတွင်း၌ စတင်ရိုက်ကူး သွားမည်ဖြစ်ပြီး ပြေတီဦး၊ လိုင် လာခန်းတို့နှင့်အတူ မြင့်မြတ်နှင့် ပတ်ထရစ်ရှာတို့လည်း ပါဝင်မည် ဟု ဦးမျိုးမင်းက ပြောသည်။

ယခင်က ဖေဖော်ဝါရီလထဲ တွင် ၎င်း၏ သင်တန်းသားများ နှင့် ရုပ်ရှင်ရိုက်ကူးရန် စီစဉ်ထား သော်လည်း အဆိုပါ ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်မည့် ထိုင်း သရုပ်ဆောင်မှာ ရိုက်ရက်အဆင်မပြေသောကြောင့် ရိုက်ကူးရေး ရက်ကို နောက်ဆုတ်၍ ရိုက်ကူး သွားမည်ဟုဆိုသည်။

‘‘ထိုင်းက မင်းသားက မတ်လ ၃၁ မှ အားလို့ ဖေဖော်ဝါရီထဲမှာ မရိုက်ဖြစ်သေးဘူး’’ဟု ၎င်း၏ 3H အနုပညာသင်တန်းသားများနှင့် ရိုက်ကူးမည့် ရုပ်ရှင်အကြောင်းကို ပြောသည်။

ဖေဖော်ဝါရီလတွင်း၌ နှင်းဆီအဖွဲ့၏ ဖျော်ဖြေပွဲများ ပြုလုပ် သွားရန် အစီအစဉ်ရှိပြီး နေပြည် တော်နှင့် ရန်ကုန်တွင် ကပြသွားမည်ဟု မောင်မျိုးမင်းကပြောသည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment