Pages

Wednesday, January 14, 2015

အင်ဖာ-မန္တလေး ခရီးသည် ဘတ်စ်ကားလိုင်းအတွက် စတင်ကွင်းဆင်း စစ်တမ်းကောက်ယူ


RangonNewsDaily:: January . 14 .2015
နယူးဒေလီ-မြန်မာနှင့် အိန္ဒိယအရာရှိများပါဝင်သည့် နှစ်နိုင်ငံပူးပေါင်းအဖွဲ့တစ်ဖွဲ့ဖြစ်သည့် အင်ဖာ-မန္တလေးခရီးသည်တင် ဘတ်စ်ကားလိုင်းနှင့် ပတ်သက်၍ ကွင်းဆင်းစစ်တမ်းကောက်ယူမှုကို ဇန်နဝါရီ ၁၂ ရက်မှ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။

အင်ဖာ မှ မန္တလေးထိ ၅၇၉ ကီလိုမီတာ ( ၃၅၉ မိုင်ကျော်) ရှည်လျားသည့်လမ်းကို အိန္ဒိယအရာရှိများနှင့်အတူ စစ်တမ်းကောက်ရန်မြန်မာနိုင်ငံမှ အရာရှိ ဆယ်ဦးသည် အင်ဖာသို့ တနင်္လာနေ့က ရောက်ရှိခဲ့ကြသည်။

အိန္ဒိယ အစိုးရအနေဖြင့် ဘတ်စ်ကားလိုင်းဝန်ဆောင်မှုနှင့်ပတ်သက်သည့် စစ်တမ်းမူကြမ်းတစ်စောင်ကို မြန်မာအစိုးရထံ ပေးပို့ထားပြီး မြန်မာဘက်မှ တုံ့ပြန်ချက်ကို အိန္ဒိယဗဟိုအစိုးရက စောင့်မျှော်နေကြောင်း မဏိပူရသယ်ယူပို့ဆောင်ရေးဌာန အတွင်းရေးမှူး အမ်လက်ဇ်မိကန်တာကပြောသည်။

အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီ မြန်မာနိုင်ငံသို့ မကြာသေးမီက လည်ပတ်ခဲ့မှုက နှစ်နိုင်ငံကြား အပြန်အလှန် ဆက်ဆံရေးကို မြှင့်တင်ခဲ့ပြီး ယခုပူးတွဲစစ်တမ်း ကောက်မှုမှနေ၍ ဘတ်စ်ကားဝန်ဆောင်မှုအတွက် လိုအပ်ချက်အားလုံးကို အကဲဖြတ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံ အဖွဲ့တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ဆောက် လုပ်ရေးလုပ်ငန်းမှ အရာရှိများ၊ တမူးဒေသ ဆောက်လုပ်ရေးလက်ထောက် ကော်မရှင်နာမင်းကြီး၊ မြန်မာနိုင်ငံ ယာဉ်ထိန်း ရဲတပ်ဖွဲ့နှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ အရာရှိများပါဝင်မည်ဖြစ်ကြောင်း မဏိပူရ သယ်ယူပို့ဆောင်ရေးဌာနက ပြောကြားထားသည်။

အိန္ဒိယနှင့်မြန်မာကြား နားလည်မှုစာချွန်လွှာတစ်စောင် ရေးထိုးနိုင်ရန် အိန္ဒိယ စစ်တမ်းအဖွဲ့အနေဖြင့် ၎င်းတို့အင်ဖာသို့ ပြန်လည်ရောက်ရှိပြီးနောက် အိန္ဒိယဗဟိုအစိုးရထံသို့ အစီရင်ခံစာတင်သွင်းရမည် ဖြစ်သည်။

အင်ဖာ - မိုရေး အဝေးပြေးလမ်းမှာ ကီလိုမီတာ ၁၁၀ ရှည်လျားပြီး တမူးမှတစ်ဆင့် မိုရေးနှင့် မန္တလေးသို့ဆက်သွယ်ထားသည့် လမ်းက ၄၆၉ ကီလိုမီတာ ကွာဝေးသည်။
နားလည်မှု စာချွန်လွှာ မူကြမ်းအရ အင်ဖာ-မန္တလေး ဘတ်စ်ကားလိုင်းကို စီးနင်းသည့် ခရီးသည်များအနေဖြင့် တရားဝင်ခိုင်လုံသည့်နိုင်ငံကူး လက်မှတ်များ ကိုင်ဆောင်ထားရမည်ဖြစ်သည်။

သက်တမ်း ၂၈ ရက်ရှိသည့် ဆိုက်ရောက်ဗီဇာများ ထုတ်ပေးမည့် အစီအစဉ်ရှိပြီး ယင်းကို ခရီးသည်များ သွားရောက်သည့် လမ်းကြောင်းပေါ် မူတည်၍ အိန္ဒိယ(သို့မဟုတ်)မြန်မာ တစ်ဖက်ဘက်မှ လူဝင်မှုကြီးကြပ်ရေးအရာရှိများက တမူးနှင့်မိုရေးရှိ နယ်စပ်ဂိတ်များတွင် ထုတ်ပေးမည်ဖြစ်သည်။

တရားဝင်ခရီးသွားစာရွက်စာတမ်းများပါသည့် အိန္ဒိယ(သို့မဟုတ်) မြန်မာနိုင်ငံသားများကိုသာ ဘတ်စ်ကားလက်မှတ်များ ထုတ်ပေးမည်ဟု ဆိုသည်။

KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment