Pages

Wednesday, January 14, 2015

ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးချက် နိုင်ငံတော်သမ္မတ တုံ့ပြန်ခြင်းမရှိဟုဆို


RangonNewsDaily:: January . 14 .2015
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တာဝန်ယူ ကျင်းပခဲ့သော နိုင်ငံရေး ထိပ်သီးခေါင်းဆောင်များနှင့် တိုင်းရင်းသား ခေါင်းဆောင်များ အပါအဝင် ၄၈ ဦး တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ တင်ပြဆွေးနွေးချက်များကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တုံ့ပြန်ပြောကြားခြင်း မရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“အန်တီပြောတဲ့ အချက်တွေကို တစ်ခုမှ တုံ့ပြန်မပြောဘူး” ဟု ၎င်းကဆိုသည်။
နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်ပေါင်း ၄၈ ဦး တွေ့ဆုံပွဲ အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ၄၈ ဦး တွေ့ဆုံရေးသည် ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးအပေါ် အစားထိုးသည့်လုပ်ရပ် မဖြစ်သင့်ကြောင်း လက်ရှိ ဖိတ်ခေါ်ဆွေးနွေးမှုသည် မည်သည့်မူနှင့် အချက်ကို အခြေခံ၍ ဖိတ်ကြားခဲ့သည်ကို သိလိုကြောင်း တင်ပြဆွေးနွေးမှုကို နိုင်ငံတော်သမ္မတက တုံ့ပြန်ပြောဆိုမှု မပြုလုပ်ခဲ့ကြောင်း ၎င်းကဆိုသည်။
::
“တိုင်းရင်းသား ဝန်ကြီးတွေ ပါတယ်။ ဒီဝန်ကြီးတွေက အစိုးရအဖွဲ့၊ ဘယ်လိုမူအရ ပုံစံတွေနဲ့ ဖိတ်တာလဲ။ ဘယ်လိုအခြေခံပြီး ဖိတ်သလဲမသိဘူး။ ပါတီ ခေါင်းဆောင်တွေလည်း မဟုတ်ဘူး။ လွတ်တော်ထဲက အဖွဲ့ခေါင်းဆောင်တွေချည်းပဲလည်း မဟုတ်ဘူး။ ဘာကိုအခြေခံပြီး ဖိတ်တာလဲ မသိဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

လက်ရှိ တွေ့ဆုံရေးသည် လူများသော တွေ့ဆုံဆွေးနွေးရေးသာ ဖြစ်နေပြီး ခြောက်ပွင့်ဆိုင် ဆွေးနွေးရေးကို ရှောင်လွဲရန် မသင့်ကြောင်းနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် အရေးကြီးသော ကိစ္စဟူ၍ ပြောကြားခဲ့ခြင်း မရှိကြောင်း ၎င်းကဆိုသည်။
::
“တပ်နဲ့ ပတ်သက်တာ မပြောပါဘူး။ အလဘသလာပပါပဲ” ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဆွေးနွေးပြောကြားမှုကို ၎င်းက သုံးသပ်ပြောဆိုသည်။
::
ဆွေးနွေးပွဲရလဒ်အရ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးများ ဆက်လက်ဖြစ်ထွန်းစေရေး၊ ငြိမ်းချမ်းရေးကို အခြေခံပြီး အမျိုးသား ပြန်လည်စည်းလုံးရေးဆိုင်ရာနှင့် နိုင်ငံရေးဆွေးပွဲများ ပြုလုပ်နိုင်ရေးနှင့် လွတ်လပ်ပြီး တရားမျှတသော ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အပါအဝင် ညင်သာသော အသွင်ကူးပြောင်းမှု ပေါ်ပေါက်ရေးတို့ကို ထုတ်ပြန်မည့် အချက်မူကြမ်းကို ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်ခဲ့ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment