Pages

Wednesday, January 14, 2015

FatherLand ဦးကျော်မြင့်ကို ရုံးထုတ်စစ်ဆေး


RangonNewsDaily:: January . 14 .2015
လိမ်လည်မှု အပါအ၀င် တခြားပုဒ်မတွေနဲ့ တရားရင်ဆိုင်နေရတဲ့ FatherLand ဆောက်လုပ်ရေး ပိုင်ရှင်ဦးကျော်မြင့်ကို ဇန်န၀ါရီလ ၁၃ရက်နေ့က ကျောက်တံတားမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
ရုံးထုတ်စစ်ဆေးမှုအပြီးမှာ တရားလိုဘက်က အမှုမှန်မပေါ်မှာ စိုးတဲ့အတွက် တရားရုံးပြောင်းပြီး စစ်ဆေးပေးဖို့ ခရိုင်ကိုဇန်န၀ါရီ ၁၂ရက်နေ့က စာတင်ထားတယ်လို့ တရားလိုရဲ့ ရှေ့နေက ဆိုပါတယ်။

တရားရုံးမှာ ဦးကျော်မြင့်ကို စစ်နေတဲ့အချိန် တရားရုံးရဲ့ အပြင်ဘက်မှာတော့ Father Land ဆောက်လုပ်ရေးက တိုက်ခန်းလိမ်ရောင်းထားတာတွေ ၊ တိုက်မဆောက်သေးပဲ တိုက်ခန်းဖိုး ငွေကြိုယူထားတာတွေ ဆောက်ပြီးသား တိုက်တွေကို ပိုင်ရှင်ထံ ပြန်မအပ်လို့ တိုက်ခန်းပေါ် တက်နေလို့ မရတဲ့သူတွေက ဦးကျော်မြင့်ကို တွေ့ဖို့စောင့်နေကြတာတွေလည်းရှိပါတယ်။
::
ဒီပြသနာတွေကိုလည်း Father Land က ဖြေမရှင်းပေးနိုင်ဘူးဆိုရင် အခု ရင်ဆိုင်နေရတဲ့ အမှုတွေအပြင် ထပ်ပြီးအမှုတွေတိုးလာဖွယ်ရှိပါတယ်။

ဦးကျော်မြင့်ကို ရုံးထုတ်စစ်ဆေးတဲ့နေ့မှာ မြို့နယ် ငါးမြို့နယ်က ရဲစခန်းတာဝန်ရှိသူတွေကလည်း လာရောက်တွေ့သွားခဲ့ပါသေးတယ်။ ဒီလို လာတွေ့တဲ့ မြို့နယ်ထဲကမှ ဗိုလ်တထောင်မြို့နယ် ရဲစခန်းကတော့ ဦးကျော်မြင့်ကို ထပ်တိုင်ထားတဲ့ အမှုသုံး မှုကြောင့် လာတွေ့တာဖြစ်တယ်လို့ ဆိုပါတယ်။
::
လာမယ့် (၁၂)ကြိမ်မြောက် လွှတ်တော် အစည်းအဝေးမှာလည်း ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့ထဲက Father Land တန်ဖိုးနည်းအိမ်ယာကိစ္စ ပြသနာကို ကြယ်ပွင့်မေးခွန်းအဖြစ် မေးဖို့ အစီအစဉ်ရှိတဲ့အကြောင်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြည်တွင်း ထုတ် ဂျာနယ် တစ်စောင်မှာ ဖြေထားပါတယ်။

DVB ::--KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment