Pages

Wednesday, January 14, 2015

ပေါင်ချိန် ၄၅ ပေါင် ရှိတဲ့ မြန်မာပြည်မှ ကြောင်ကလေး ချားကိုး


RangonNewsDaily:: January . 14 .2015
ချားကိုးဟာ ယခုလက်ရှိ အသက် ၁၂ နှစ်ကျော်ရှိပြီ ဖြစ်ပြီး ပေါင်ချိန်ကတော့ ၄၅ပေါင်ရှိကြောင်း သိရပါတယ်။ ကြောင်ထီးလေး ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်တွင် ပဲခူးရှိ ဘုရားလေးမြို့မှာ ပေါက်ဖွားခဲ့ရာမှ တစ်ဆင့် ရန်ကုန်သို့ ရောက်ရှိလာ တာဖြစ်ပါတယ်။ 
အခြားကြောင်တွေလို မဟုတ်ဘဲ တောကြောင်ဖြင့် စပ်၍ မွေးဖွားတာလာ ဖြစ်လို့ အမှီလည်းတို၊ အသံလည်း တိုးတိုးလေးပဲ ထွက်ကြောင်း ၎င်းကြောင်၏ပိုင်ရှင်များက ပြောပါတယ်။


မွေးဖွားစဉ်က အလွန်သေးသော်လည်း ကြီးထွားနှုန်း အလွန်မြန်ကြောင်း သိရပါတယ်။
ချားကိုး၏ အမေဟာ အလွန်သေးငယ်ပြီး ပေါက်ရင်လည်း တစ်ကောင်သာ ပေါက်ကြောင်း သိရပါတယ်။ သူ့အား ပေါင်မုန့်၊ စွပ်ပြုတ်၊ အမဲသား အပြင် နို့မှုန့်များကိုလည်း ဖျော်တိုက်လေ့ ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ၆ လတစ်ကြိမ် သံချပေးခြင်း၊ ဆရာဝန်ပြခြင်း စတာတွေ ကိုလည်း လုပ်ပေးလေ့ ရှိတယ်လို့ ပြောပါတယ်။
::
ချားကိုးလေးဟာ သခင်ပြောသမျှကိုလည်း နားလည်ကြောင်း သိရပါတယ်။ တစ်ခါတစ်လေ
ပစ္စည်းများကို ပါးစပ်နဲ့ ကိုက်ချီပြီး သိမ်းဆည်းထားခြင်း၊ သိမ်းဆည်း ပြီးသော ပစ္စည်း တစ်ချို့ကိုလည်း ပြန်လည်ယူလာပေးခြင်း စတဲ့ အမူအကျင့်တွေရှိတယ်လို့ သိရပါတယ်။
::
ဒါ့အပြင် ပေါင်အလေးချိန်များလွန်းလို့ အခြားကြောင်တွေလို အလွယ်တကူ ခုန်ပေါက်
မကစားနိုင်ဘူးလို့ ပြောပါတယ်။ အမျိုးသမီးတွေဆိုရင် အလွယ်တကူ မလို့ မလွယ်ပါဘူးတဲ့။ ဒါကြောင့် မြန်မာပြည်မှ ပေါင်ချိန် ၄၅ ပေါင်ရှိတဲ့ ချားကိုးလေး အကြောင်းကို ဗဟုသုတ အဖြစ်တင် ပေးလိုက်ရပါတယ်။

ရိုးရာလေး ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment