Pages

Wednesday, January 14, 2015

လမ်းမတော်မြို့နယ်တွင် လျှပ်စစ်မီးချောင်းချုပ် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်


RangonNewsDaily:: January . 14 .2015
၁၃.၁.၂၀၁၅ရက်နေ့ ၁၂၀၅အချိန်တွင် လမ်းမတော်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ
သည် လမ်းမတော်မြို့နယ်၊ (၁၀)ရပ်ကွက်၊ ၀ါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်
ရှိ ဗဟိုရ်စည်ဆေးရုံ (၆)လွှာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ပါသည်။
ထိုသို့ သွားရောက်စစ်ဆေးရာ အဆိုပါဆေးရုံ၊ (၆)လွှာ၊ သန္ဓေသားစမ်းသပ်ခန်းရှိ (၄)ပေမီးချောင်း၏ ချုပ်မှ အပူလွန်ကဲ၍ ဆိုဖာထိုင်ခုံပေါ်သို့ပြုတ်ကျကာ ဆိုဖာ
ထိုင်ခုံအား မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊ ပတ်ဝန်းကျင်နေပြည်သူများနှင့် မီးသတ်ယာဉ်များရောက်ရှိငြှိမ်းသတ်ခဲ့သဖြင့် ၁၂၂၀ အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး ဆိုဖာထိုင်ခုံ၊ မီးချောင်း(၂)ချောင်း၊ မျက်နှာကျက်နှင့် အဲယားကွန်းကာဗာများ မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရှိရပါသည်။
::
ယင်းသို့ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် အဆိုပါဆေးရုံမှ လျှပ်စစ်တာဝန်ခံ ကိုဌေးစိန် (၃၄)နှစ်အား လမ်းမတော်မြို့မရဲစခန်း(ပ)၁၀/၂၀၁၅၊ ပြစ်မှုပုဒ်မ၂၈၅ ဖြင့် အမှုဖွင့်
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment