Pages

Saturday, January 31, 2015

ငှက်အုပ်နှင့်တိုက်မိခဲ့သဖြင့် ရွှေမြန်မာစင်းလုံးငှားလေယာဉ်နေပြည်တော်သို့ ပြန်ဆင်း


RangonNewsDaily:: January . 31 .2015
နေပြည်တော်မှ ရန်ကုန် သို့ ပျံတက်သောရွှေမြန်မာ လေကြောင်းလိုင်းမှ လေယာဉ် တစ်စီးသည် ကောင်းကင်တွင် ငှက်အုပ်နှင့်တိုက်မိသောကြောင့် ပြန်လည်ဆင်းသက်ခဲ့ရကြောင်း လေကြောင်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးဦးဝင်းဆွေထွန်းက အတည်ပြုပြောကြားသည်။

‘‘လေပေါ်မှာ ငှက်အုပ်နဲ့ တိုက်မိလို့ ရှေ့က ခေါင်းပိုင်းချိုင့် သွားတယ်’’ဟု ဦးဝင်းဆွေထွန်းက ဖြစ်စဉ်ကိုပြောသည်။
ယင်းလေယာဉ်မှာ စင်းလုံး ငှားလေယာဉ်ဖြစ်ပြီး ဇန်န၀ါရီ ၃၀ ရက် နံနက်အစောပိုင်းကနေပြည် တော်လေဆိပ်မှ ရန်ကုန်သို့ ပျံ တက်ပြီး မိနစ်၂၀၀န်းကျင်အကြာ တွင် ငှက်အုပ်နှင့်ဝင်တိုက်မိခဲ့သ ဖြင့် ပြန်လည်ဆင်းသက်ရန် လေ ယာဉ်မှူးက ဆုံးဖြတ်ခဲ့ခြင်းဖြစ် ကြောင်းသတင်းရရှိသည်။

စီးနင်းသူများမှာ နိုင်ငံခြား သားခရီးသည်များဖြစ်သော ကြောင့်အချိန်မနှောင့်နှေးစေရန် ယင်းနံနက်မှာပင် ရွှေမြန်မာလေ ကြောင်းလိုင်းမှ ATR အမျိုးအစားလေယာဉ်နှစ်စီးဖြင့် ရန်ကုန်သို့ လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း ဦးဝင်းဆွေထွန်းက ပြောသည်။

ခရီးသည်အများစုမှာ နေ ပြည်တော်တွင် ကျင်းပနေသည့် အာဆီယံခရီးသွားဖိုရမ်သို့ လာ ရောက်သူများဖြစ်ကြောင်းသိရ သည်။

ဖြစ်စဉ်အသေးစိတ်ကိုမေး မြန်းရန် ရွှေမြန်မာလေကြောင်းလိုင်းသို့ အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ယူဖြေကြားပေးမည့်သူမရှိကြောင်း ပြန်လည်ပြောသည်။

‘‘မနက် ၄နာရီခွဲလောက်မှာ ဖြစ်တာ။ ခရီးသည်တွေကိုတော့ အခြားလေယာဉ်တွေနဲ့ ခွဲပြီးပို့ပေး တာတွေ့ရတယ်။ လေယာဉ်ကို တော ချက်ချင်းပြင်နေတာကို ကွင်းထဲမှာ တွေ့ခဲ့ရတယ်’’ဟု ယင်းနေ့ကအခြားလေကြောင်း လိုင်းတစ်ခုဖြင့် ရန်ကုန်သို့စီးနင်းမည့်ခရီး သွားလုပ်ငန်းရှင်တစ်ဦးက ၎င်းတွေ့မြင်ခဲ့ပုံကိုပြောပြသည်။

၂၀၁၄ ဒီဇင်ဘာ ၁၄ရက်က လည်း အဲကမ္ဘောဇေလေကြောင်း လိုင်းပိုင် လေယာဉ်တစ်စီးသည် ရန်ကုန်မှ ကျိုင်းတုံသို့ ပျံသန်းမည့် ခရီးစဉ်တွင် လေယာဉ်ပြေးလမ်းမှ ဝေဟင်သို့ ပျံတက်စဉ်ငှက်အုပ် နှင့် ၀င်တိုက်မိခြင်းကြောင့်အရေး ပေါ်ဆင်းသက်ခဲ့ရဖူးသည်။

၂၀၁၄က မြန်မာ နိုင်ငံတွင် လေကြောင်းလိုင်းများမှ ခရီးသည်တင်လေယာဉ်အများစု ဝေဟင်သို့ ပျံတက်စဉ်ငှက်အုပ်နှင့် တိုက်မိမှုငါးကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ဆောင်းရာသီဖြစ်သည့် ဒီဇင်ဘာမှ ဖေဖော်ဝါရီအတွင်းဆောင်း ခိုငှက်များသည် အုပ်စုလိုက်ပျံ သန်းတတ်သဖြင့် လေယာဉ်ဖြင့် ၀င်တိုက်လေ့ရှိကြောင်း မြန်မာနိုင်ငံငှက်ဝါသနာရှင်အသင်းမှ ငှက်အသင်းဝင်တစ်ဦးကပြောသည်။

လေယာဉ်အဆင်း၊အတက် အချိန်များတွင် ငှက်အုပ်များနှင့် တိုက်မိလေ့ရှိပြီး ဝေလီဝေလင်းနှင့်ညအချိန်များတွင်များစွာဖြစ်ပွားတတ်ကြောင်းအငြိမ်းစားလေ ယာဉ်မှူးကြီးဦးထွန်းဝင်းကပြောသည်
ငှက်အုပ်နှင့်တိုက်မိခဲ့သော လေယာဉ်ခေါင်းပိုင်းကိုတွေ့ရစဉ်(ဓာတ်ပုံ - ကိုဝဏ္ဏ)

7Day Daily , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment