Pages

Saturday, January 31, 2015

အမေရိကမှာ မင်္ဂလာလက်မှတ်ရေးထိုးလိုက်တဲ့ ဆုပန်ထွာ


RangonNewsDaily:: January . 31 .2015
အမေရိကန်နိုင်ငံတွင် ရောက်ရှိနေသော ဆုပန်ထွာနှင့် စေ့စပ်ထားသူ ကိုဥက္ကာကျော်တို့ နှစ်ဦးသည် ဇန်န၀ါရီ ၃၀ ရက် တွင် မင်္ဂလာလက်မှတ်ရေးထိုး လိုက်ကြောင်း ကိုဥက္ကာကျော်က ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

အမေရိကန်နိုင်ငံ၊ ကယ်လီ ဖိုးနီးယားပြည်နယ်၊ လော့စ်အန် ဂျလိစ်မြို့၌ လက်မှတ်ရေးထိုးခဲ့ ခြင်းဖြစ်ကြောင်း ကိုဥက္ကာကျော် က ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် ဓာတ် ပုံများနှင့်တကွ ရေးသားအသိပေး ထားသည်။

ကိုဥက္ကာကျော်နှင့် ဆုပန်ထွာတို့သည် ပြီးခဲ့သည့်နှစ် ဧပြီ ၉ ရက်တွင် စေ့စပ်ခဲ့ပြီး ကိုဥက္ကာကျော်၏ ဇနီးဟောင်းဖြစ်သူက ခင်ပွန်းဖြစ် သူ၏ စေ့စပ်ပွဲကို ကန့်ကွက်ခဲ့ ကြောင်း သတင်းစာမှတစ်ဆင့် ကြေညာခဲ့သောကြောင့် ပရိသတ် များအထူးစိတ်ဝင်စားခဲ့သည်။

ကိုဥက္ကာကျော်ဘက်မှ ၎င်း တို့တရားဝင်လင်မယားခန်းကွာ ရှင်းပြတ်စဲပြီးဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ကြေညာသကဲ့သို့ ဆုပန်ထွာကလည်း ဥက္ကာကျော်သည် လူလွတ်တစ်ယောက်ဖြစ်ကြောင်းလက်ခံနိုင်သည့်အချက်အလက် များရှိသောကြောင့် ၎င်းဘက်မှ လက်ခံခဲ့ခြင်းဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။ ထို့အပြင် ၂၀၁၅ တွင် လက်ထပ်မည်ဖြစ်ကြောင်း မီဒီယာများအား ဆုပန်ထွာက ဖြေကြားထားသည်။

ဆုပန်ထွာသည် အမေရိကန် နိုင်ငံသို့ အပန်းဖြေရန်နှင့် ၎င်း၏ဗီစီဒီရိုက်ကူးရန် တစ်လကြာသွားရောက်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ တစ်လတာကြာမြင့်မည်ဟု သတင်းရရှိသည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment