Pages

Saturday, January 31, 2015

အမျိုးသမီးများ အသက်ဆယ့်ခြောက်နှစ်ကျော်အထိ ဓမ္မတာ ကိစ္စမဖြစ်ပါက တတ်ကျွမ်းနားလည်သောဆရာဝန်များနှင့် အချိန်မီကုသမှုခံယူသင့်


RangonNewsDaily:: January . 31 .2015
အမျိုးသမီး များ အသက်ဆယ့်ခြောက်နှစ်ကျော် အထိ ဓမ္မတာကိစ္စမဖြစ်ပါက တတ် ကျွမ်းနားလည်သော ဆရာဝန်များနှင့် အချိန်မီ ကုသမှုခံယူသင့်ကြောင်း ဗဟို အမျိုးသမီးဆေးရုံကြီး (ရန်ကုန်) မှ သားဖွားမီးယပ်အထူးကု ဆရာဝန် ကြီး ဒေါက်တာစိုးလွင်က သတိပေး ပြောကြားလိုက်သည်။
အမျိုးသမီးအများစုသည် အ သက် ၁၁နှစ်မှ ၁၅နှစ်အတွင်း ပုံ မှန်အားဖြင့် ဓမ္မတာလာတတ်ပြီး အ သက် ၁၆နှစ်ကျော်ထိ ဓမ္မတာသွေး ဆင်းခြင်းမရှိပါက မွေးလမ်းကြောင်း ဆိုင်ရာ ပြဿ နာများ ဖြစ်ပေါ်နိုင် ကြောင်း သိရသည်။
''မိန်းကလေးတွေ အချိန်တန် လို့ ရာသီမလာရင် သတိထားဖို့လို တယ်။ မွေးရာပါ ချို့ယွင်းချက်ကြောင့် ပိတ်နေတာတွေ ရှိနိုင်သလို၊ ရောဂါ တစ်ခုခုကြောင့်လဲ ဖြစ်နိုင်တာကြောင့် ၁၆နှစ်ကျော်လို့ မလာရင် ဆရာဝန် ဆီသွားပြဖို့လိုမယ်''ဟု ဒေါက်တာ စိုးလွင်က ပြောသည်။


ငယ်ရွယ်သူ မိန်းကလေးများ အနေဖြင့် ပုံမှန်အချိန်တွင် ဓမ္မတာ မလာပါက မွေးလမ်းကြောင်း အပေါက် ပိတ်နေခြင်း၊ မွေးလမ်းကြောင်း အ ပေါက် လုံးဝမပါခြင်း၊ သားအိမ်မပါ ခြင်း၊ သားအိမ်သေးခြင်း၊ သားအိမ် တွင် ရောဂါတစ်ခုခု ခံစားနေရခြင်း၊ သားဥအိမ်မပါခြင်းတိုကြောင့် ဖြစ်နိုင် ကြောင်း သိရသည်။

''ရာသီပေါ်ချိန်မှာ မွေးရာပါ မွေး လမ်းကြောင်း ပိတ်နေလို့ပဲဖြစ်ဖြစ် တစ်ခုခုကြောင့် ရာသီမလာသေးဘူး ဆိုရင် အဲဒီမိန်းကလေးကိုဆေးခန်း ပြရမယ်။ မဟုတ်ရင် ရာသီချိန်မှာ ရာသီသွေးတွေက အပြင်သို့မထွက် နိုင်ပဲ ကိုယ်ခန္ဓာအတွင်းထဲမှာ လ ပေါင်းများစွာ ပိတ်ဆို့နေမယ်ဆိုရင် အန္တရာယ်များတယ်။ မိန်းကလေး တွေကို အရွယ်ရောက်လာရင် ရာသီ လာမလာ ဂရုစိုက်ရမယ်။ အချိန် လွန်လို့ မလာရင်တော့ ဆရာဝန်ကို ပြရမယ်''ဟု ယင်းက ထပ်မံပြော သည်။

ပုံမှန်အားဖြင့် ဓမ္မတာမလာသော အမျိုးသမီးများသည် အပျိုဖော် ဝင်ချိန် နောက်ကျသူများ၊ ကိုယ် ဝန်သည်များ၊ နို့တိုက်မိခင်များနှင့် သွေးဆုံးစောသူများ ဖြစ်တတ်ပြီး မိန်း ကလေးများသည် ပုံမှန်အားဖြင့် အ သက် တစ်ဆယ်ကျော် အရွယ်တွင် အပျိုဖော်ဝင်တတ်ကာ အသက်၎ဝ၊ ၄၅နှစ်တို့တွင် သွေးဆုံး တတ်သော် လည်း ယခုခေတ်ကာလတွင် အပျို ဖော်ဝင်ခြင်း စောလာပြီး သွေးဆုံး ခြင်းကိုလည်း စောစီးစွာ ခံစားလာ ရကြကြောင်း သိရသည်။

ဒီမိုကရေစီတူဒေး , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment