Pages

Saturday, January 31, 2015

ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ခြံဝင်းတံခါးနှင့် အိမ်နံပါတ်ပြားဟောင်းတို့ကို ကြမ်းခင်းဈေး ကျပ်သိန်းနှစ်ထောင်ဖြင့် လေလံတင်မည်


RangonNewsDaily:: January . 31 .2015
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံခဲ့ရစဉ် ဆယ်စုနှစ် နှစ်ခုကျော်ကာလတစ် လျှောက် အသုံးပြုခဲ့သည့် အိမ် ခြံဝင်းတံခါးဟောင်းကြီးနှင့် (၅၄) ဆိုသည့် အိမ်နံပါတ်ပြား ဟောင်းတို့ကို ကြမ်းခင်းဈေး ကျပ်သိန်း ၂,၀၀၀ ဖြင့် လေလံ တင် ရောင်းချမည်ဖြစ်ကြောင်း ဇန်နဝါရီ ၃၀ ရက်က ကြေညာ လိုက်သည်။

တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်ခြံဝင်း၌ တပ်ဆင်အသုံးပြုခဲ့သော ယင်း တံခါးဟောင်းနှင့် အိမ်နံပါတ် ပြားဟောင်းကို လေလံတင် ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဗဟန်းမြို့နယ် ဥက္ကဋ္ဌ တော်ဝင်နှင်းဆီဦးစိုးညွန့် က ကြေညာခဲ့ပြီး ၎င်းအနေဖြင့် ထိုအရာတို့ကို တရားဝင်လက် ဝယ်ရရှိထားသည်ဟု ဆိုသည်။

‘‘၎င်းပစ္စည်းတို့သည် သမိုင်း ဝင်ပစ္စည်းများဖြစ်သောကြောင့် ကျွန်တော်အမြတ်တနိုးသိမ်း ဆည်းထားရှိခဲ့ပါသည်။ ထိုဂိတ် တံခါးကြီးကသာ စကားပြောနိုင် မယ်ဆိုရင် နှစ်ပေါင်း ၂၅ နှစ် ကျော် မြန်မာ့ဒီမိုကရေစီတိုက်ပွဲ သမိုင်းကို ပြန်လည်ပြောပြနိုင် သော ပစ္စည်းတစ်ခုဖြစ်ပါသည်’’ ဟု တော်ဝင်နှင်းဆီဦးစိုးညွန့်က ကြေညာချက်တွင် ထည့်သွင်းရေး သားထားသည်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာတွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ် အကျယ်ချုပ်မှ ပြန်လည်လွတ် မြောက်လာခဲ့စဉ်က တက္ကသိုလ် လမ်းအပြည့်ရောက်ရှိစောင့်ဆိုင်း နေသော လူအုပ်ကြီးကို ယင်းခြံ ဝင်းတံခါးဝမှနေ၍ မိန့်ခွန်းပြော ကြားခဲ့ဖူးသည်။ ထို့နောက် အချိန် အတန်ကြာပြီးမှ ယခုလက်ရှိ ၎င်း ၏ခြံရှေ့တွင် မြင်တွေ့နေရသည့် ခြံဝင်းတံခါးကြီးနှင့် ခြံဝင်းအုတ် တံတိုင်းတို့ကို တည်ဆောက်တပ် ဆင်ခဲ့ခြင်းဖြစ်သည်။

ခြံဝင်းဂိတ်တံခါးနှင့် အိမ် နံပါတ်ကြွေပြားကို သားစဉ်မြေး ဆက် သိမ်းဆည်းထားလိုသော် လည်း ဗိုလ်ချုပ်အောင်ဆန်းနှစ် (၁၀၀)ပြည့်မွေးနေ့အခမ်းအနား နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရုံးချုပ်တည်ဆောက်ရေး အတွက် လှူဒါန်းလိုသဖြင့် ရောင်းချခြင်းဖြစ်သည်ဟု တော် ဝင်နှင်းဆီဦးစိုးညွန့်က ဆိုသည်။ ကျပ်သိန်း ၂,၀၀၀ ကြမ်းခင်းဈေး ဖြင့်ရောင်းချမည့် လေလံတင်ပွဲမှ ရရှိမည့် အလှူငွေအားလုံး လှူ ဒါန်းမည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံသားများသာ မက ကမ္ဘာတစ်ဝန်းရှိ လူမျိုးမရွေး၊ နိုင်ငံသားမရွေး ဝယ်ယူနိုင်သည် ဟု ကြေညာချက်တွင် ဖော်ပြ ထားသည်။ လေလံပွဲအကြောင်း၊ ဂိတ်တံခါးအကြောင်းတို့နှင့်ပတ် သက်၍ အသေးစိတ်ကို ဆက် သွယ်မေးမြန်းရန် 7 Day Daily က ဇန်နဝါရီ ၃၀ ရက်တွင် ကြိုးစားခဲ့သော်လည်း မရရှိပေ။

ရွှေဂုံတိုင်ရှိ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD)ပါတီရုံး ချုပ်အဆောက်အအုံဟောင်းကို ၂၀၁၄ နှောင်းပိုင်းကတည်းက ဖြိုချထားပြီးဖြစ်သည်။ လက်ရှိ တွင် ရုံးဟောင်းနှင့် ကပ်လျက် အဆောက်အအုံများ၌ ရုံးချုပ်ကို ပြောင်းရွှေ့ဖွင့်လှစ်ထားသည်။

မူလရုံးချုပ်အဆောက်အအုံ မှာ နေရာအခက်အခဲဖြစ်ပေါ်လာ ၍ ယင်းနေရာ၌ ခြောက်ထပ် အဆောက်အအုံတစ်ခုတည် ဆောက်ရန် NLD က ရည်ရွယ် ထားသည်။ ပိုင်ရှင်ဒေါ်အောင် ဆန်းစုကြည်အမည်ဖြင့် မြို့တော် စည်ပင်အဆောက်အအုံဖျက် သိမ်းခွင့်၊ ဆောက်လုပ်ခွင့်ချထား ပေးပြီးဖြစ်သည်။ ယင်းအဆောက် အအုံကို မြန်မာနိုင်ငံသား၊ တိုင်း ရင်းသားလုပ်ငန်းရှင်များဆောက် လုပ်ခွင့်လျှောက်ထားနိုင်ကြောင်း ကြေညာချက်ထုတ်ခဲ့သည်။

လေလံပစ်မည့် ခြံဝင်းတံခါးကို သန့်ရှင်းရေးလုပ်နေစဉ် (ဓာတ်ပုံ − တော်ဝင်နှင်းဆီ)

7Day Daily , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment