Pages

Saturday, January 31, 2015

ယာဉ်တိုက်မှုဖြစ်ခဲ့၍ ပလေးဘွိုင်းသန်းနိုင်ဖျော်ဖြေပွဲ ရက်ရွှေ့


RangonNewsDaily:: January . 31 .2015
တစ်ကိုယ်တော်ဖျော်ဖြေ ပွဲပြုလုပ်ရန် တစ်ရက်အလိုတွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သော ကြောင့် ပလေးဘွိုင်းသန်းနိုင်၏ ဖျော်ဖြေပွဲကို ရက်ရွှေ့လိုက် ကြောင်းသတင်းရရှိသည်။

ဖျော်ဖြေပွဲအတွက် အစမ်း တီးခတ်သီဆိုမှုများပြုလုပ်အပြီး အမျိုးသားကဇာတ်ရုံမှအိမ်အပြန် ရွှေတိဂုံစေတီ တောင်ဘက်မုခ် အနီးအရောက်တွင် ပလေးဘွိုင်း သန်းနိုင်မောင်းနှင်လာသောကား က ရှေ့ကားကို ကျော်တက်ရာ အရှိန်ဖြင့် မောင်းနှင်လာသည့် ကားတစ်စီးက ဂငယ်ကွေ့ကာ ဝင်တိုက်ခဲ့ကြောင်းသတင်းရရှိ သည်။ 

ယာဉ်တိုက်မှုကြောင့် ပလေးဘွိုင်းသန်းနိုင်သည် ဒဏ် ရာများစွာရရှိခဲ့ပြီး ညာဘက်ချို စောင်းတွင်အချက်ပေါင်းများစွာ ချုပ်ခဲ့ရကာ ညာဘက်မျက်လုံး မျက်ခွံ၊ ပါးရိုးနှင့် လက်တို့တွင် ပွန်းပဲ့ဒဏ်ရာများ ရခဲ့သကဲ့သို့ ပေါင်နှစ်ဖက်တွင်လည်း အထိ မခံနိုင်အောင် နာနေသည်ဟု လူမမာမေးသွားခဲ့သည့် အနုပညာမောင်နှမ ဒေါ်အယ်လ်ခွန်းရီက ပြောကြားသည်။

‘‘ညာဘက်မျက်လုံး မျက်ခွံ၊ ပါးရိုးတွေနဲ့ လက်တွေမှာပွန်းပဲ့ ဒဏ်ရာတွေရသွားခဲ့ရသလို ပေါင် နှစ်ဖက်စလုံးကလည်း စတီယာ ရင်နဲ့ဆောင့်မိခဲ့တဲ့ဒဏ်ကြောင့် အထိမခံနိုင်အောင် နာနေတယ်။ ခါးနဲ့တင်ပါးဆုံနဲ့အဆက် ဘယ် ဘက်ပေါင်ရိုးထိပ်မှာလည်း ထိ ခိုက်မိသွားလို့ အဲဒီနေရာက အနာ ဆုံးလို့ပြောတယ်’’ဟု ၎င်းပြော သည်။

ပလေးဘွိုင်းသန်းနိုင်၏ဖျော် ဖြေပွဲကို ဇန်နဝါရီ ၃၀ ရက်ည တွင် အမျိုးသားကဇာတ်ရုံ၌ပြု လုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သော် လည်း ဇန်နဝါရီ ၂၉ ရက်ညကဖျော်ဖြေပွဲအတွက် အစမ်းတီးခတ်သီဆိုမှုပြုလုပ်ပြီး အပြန်လမ်းတွင် အက်ဆီးဒင့်ဖြစ်ခဲ့ခြင်းဖြစ်သည်။

‘‘ကိုသန်းနိုင်အက်ဆီးဒင့် ဖြစ်လို့ ရက်ရွှေ့လိုက်ရတာပါ။ ဆိုးဆိုးရွားရွားထိခိုက်တာတော့ မဟုတ်ပါဘူး။ ဒီနေ့အတွက်က တော့ ဘယ်လိုမှမဆိုနိုင်တော့ တာ။ မျက်နှာတွေ၊ မျက်လုံးတွေ ရောင်ကိုင်းပြီး ခါးတွေနာနေတော့ ဘယ်လိုမှ ထိုင်မရ၊ ထမရမို့လို့ရက်ရွှေ့လိုက်ရတာပါ။ ကိုသန်းနိုင်ကျန်းမာရေးပြန်ကောင်းတာနဲ့ ပြန်လုပ်မှာပါ’’ဟု ပီးပေါ်အင်တာတိန်းမန့်မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ဖျော်ဖြေပွဲလက်မှတ်ဝယ်ယူ ထားသူများအနေဖြင့် နောက်တစ် ကြိမ်ပြုလုပ်မည့်ဖျော်ဖြေပွဲကြည့် ရှုမည်ဆိုပါက လက်မှတ်များကို ယူထားနိုင်ပြီး မကြည့်ရှုလိုသူများအနေဖြင့် လက်မှတ်ခများပြန် လည်ထုတ်ယူနိုင်ကြောင်း ၎င်းက ပြောသည်။

‘‘ဒီနေ့ချက်ချင်းလုပ်ဖို့က အခက်အခဲဖြစ်နေလို့ ဒီတစ်ရက်၊ နှစ်ရက်အတွင်းမှာ လက်မှတ်ခ ထုတ်ချင်တဲ့ လူတွေအတွက် ဘယ်နေရာတွေမှာလုပ်လို့ရမယ် ဆိုတာ ကြေညာပေးသွားမယ်’’ ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment