Pages

Saturday, January 31, 2015

မုံရွာ-ကလေးဝ ကားလမ်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် လူငါးဦးသေဆုံး

RangonNewsDaily:: January . 31 .2015
မုံရွာနှင့် ကလေးဝမြို့ ကို ဆက်သွယ်ထားသော ယာကြီး ကားလမ်းမကြီးပေါ်တွင် ယာဉ် တိမ်းမှောက်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့မှု ကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ ငါးဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိ မှုဖြစ်ပွားခဲ့ကြောင်း ရဲစခန်းမှ သိရ သည်။

ဇန်န၀ါရီ ၂၇ရက် ည ၁၁နာ ရီ ယာကြီးလမ်းမှတ်တိုင်အမှတ် ၅၃အနီးတွင် ဘိလပ်မြေနှင့် ထုံး အိတ်များတင်ဆောင်လာသည့် ဂျီအမ်အီးကုန်တင်ယာဉ်သည် လမ်းဘေးချောက်ထဲသို့ အရှိန် လွန်တိမ်းမှောက်သွားပြီး ယာဉ် ပေါ်လိုက်ပါလာသော အမျိုးသား တစ်ဦးနှင့်အမျိုးသမီးလေးဦးတို့ ဘိလပ်မြေအိတ်ပိ၍ နေရာတွင် သေဆုံးခဲ့သည်။

ဇန်န၀ါရီ ၂၈ရက် ည ၇နာရီ ခွဲက ယာကြီးလမ်းမိုင်တိုင်အမှတ် ၄၇အနီးတွင် ၀ါးလုံးများ တင် ဆောင်လာသောယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ချောက်ထဲသို့ ပြုတ်ကျတိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါသူတစ်ဦးသေဆုံး ကာရှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိခဲ့သော လူနာများမှာ ကုသမှုခံယူလျက်ရှိပြီး ယာဉ် မောင်းနှစ်ဦးကို မောက္ကတော် ရဲစခန်းနှင့် ကနီမြို့မရဲစခန်းတို့က အမှုဖွင့်ထားကြောင်းသိရသည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment