Pages

Saturday, December 27, 2014

ကလေးဝ-မော်လိုက်လမ်းတွင် ဘူဒိုဇာတင်ဆယ်ဘီးယာဉ်ကြောင့် တံတားကျိုး


RangonNewsDaily:: December . 27 .2014
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝ-မော်လိုက်လမ်းမကြီးတွင် ဘူဒိုဇာတင် ဆယ်ဘီးယာဉ်သည် တံတားခံနိုင်ဝန်အား ထက်ကျော်လွန်၍ တင်ဆောင်ကာ ဖြတ်သန်းမှုကြောင့် ကလေးဝမြို့နယ် နန်းမော်ကယ် ကျေးရွာနှင့် ပလူဇဝကျေးရွာကြားတွင် ဒီဇင်ဘာ ၂၄ ရက် နံနက် ၁ဝ နာရီကျော်ခန့်က သံပေါင်ဘေလီတံတား တစ်စင်း ကျိုးကျခဲ့ကြောင်း သိရသည်။

''တံတားခံနိုင်ဝန်အားက ၁၃ တန်ပဲခံပါတယ်။ ဒီလို ၁၃ တန်ပဲခံတဲ့ တံတားပေါ်ကို ဘူဒိုဇာရော၊ ဆယ်ဘီးယာဉ်ကြီးရောတက်လိုက်တော့ တံတားက ကျိုးကျတာပေါ့။ ကားပေါ်မှာ လူသုံးဦးပါတယ်လို့ သိရပါတယ်။ လူတွေကတော့ ထိခိုက်ဒဏ်ရာရတာမျိုးမရှိပါဘူး''ဟု နန်းမော်ကယ်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ကလေးဝ-မော်လိုက်ကားလမ်းသည် ၃၆ မိုင်ရှည်ပြီး တံတားကျိုးကျမှုကြောင့် ကလေးဝမှ မော်လိုက်မြို့သို့ သွားသော ခရီးသည်တင်ယာဉ်များနှင့် ဆိုင်ကယ်များ ယာယီလမ်းပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

(လင်းလက်ကြယ်စင်)
The Mirror Daily , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment