Pages

Saturday, December 27, 2014

လိပ်ကျွန်းလူသတ်မှု တတိယအကြိမ်မြောက် ရုံးချိန်း ခြောက်လခွာချိန်း


RangonNewsDaily:: December . 27 .2014
လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ နှစ်ဖက်သက်သေ များစုံလင်စွာတင်ပြနိုင်ရန် တတိယမြောက်ရုံးချိန်းကို ခြောက်လ ခွာ၍ချိန်းဆိုလိုက်ပြီး မြန်မာလုပ် သားနှစ်ဦးဘက်မှ ထွက်ဆိုပေးမည့် သက်သေများ၏ လုံခြုံရေးအရ တရားခွင်ကို ဘန်ကောက်မြို့ တရားရုံးသို့ ရွှေ့ပြောင်းပေးရန် မြန်မာလုပ်သားနှစ်ဦး၏ရှေ့နေ က ကော့စမွီမြို့နယ်တရားသူကြီး ထံတောင်းဆိုခဲ့ကြောင်းသတင်း ရရှိသည်။

လိပ် ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ ဒီဇင်ဘာ ၂၆ ရက်က မြန်မာလုပ်သားနှစ်ဦးအား ဒုတိယအကြိမ်ရုံးထုတ်စစ်ဆေးရာ ကော့စမွီမြို့နယ်တရားသူကြီးက နှစ်ဖက်သက်သေများနှင့် အထောက်အထားများ တင်ပြခိုင်းခဲ့ကြောင်းသတင်းရရှိသည်။

ထိုင်းအစိုးရရှေ့နေသည် လူသတ်မှုဓာတ်ပုံအထောက် အထားများ၊ DNA စစ်ချက်၊ သက်သေထွက်ဆိုပေးမည့်သူများ တင်ပြခဲ့သည်။ ထိုသို့တင်ပြမှုများကို မြန်မာလုပ်သားနှစ်ဦး၏ရှေ့နေက လက်မခံနိုင်ကြောင်း တရားသူကြီးထံပြောဆိုတင်ပြခဲ့ကြောင်းမြန်မာသံရုံးအထူးအဖွဲ့မှ ဦးထူးချစ်က ပြောသည်။

ထိုသို့လက်မခံသောကြောင့် တတိယအကြိမ်ရုံးချိန်းကို ၂၀၁၅ ဇူလိုင် ၈ ရက်တွင်ချိန်းဆိုလိုက် ကြောင်း သတင်းရရှိသည်။

မြန်မာလုပ်သားနှစ်ဦးဘက် မှထွက်ဆိုပေးမည့် သက်သေ ၂၇ ဦး တင်ပြခဲ့ပြီး ထွက်ဆိုပေးမည့် သက်သေများ၏လုံခြုံရေးအရ တရားခွင်ကို ဘန်ကောက်မြို့သို့ ပြောင်းရွှေ့ပေးရန် မြန်မာလုပ် သားနှစ်ဦး၏ရှေ့နေကတင်ပြခဲ့ သည်။ ယင်းတင်ပြမှုကို တရားသူကြီးကလက်ခံခဲ့ပြီး စဉ်းစားပေးမည်ဟု ပြန်လည်ပြောကြားခဲ့ကြောင်း ဦးထူးချစ်ကပြောသည်။

‘‘သူတို့ဘက်က တင်ပြတဲ့ သက်သေတွေကို ကျွန်တော်တို့ ဘက်က လက်မခံပါဘူး။ အဲဒါကို လည်း တရားသူကြီးဆီမှာတင်ပြခဲ့ တယ်။ နောက် ကျွန်တော်တို့ဘက် ကထွက်ဆိုပေးမယ့် သက်သေ တွေက သူတို့လုံခြုံရေးအတွက် စိုးရိမ်နေတာတွေရှိတယ်။ အဲဒါ ကြောင့် တရားခွင်ကိုဘန်ကောက် မှာပြောင်းပေးဖို့ တောင်းဆိုခဲ့ တယ်။ တရားသူကြီးက တိုင်ပင် ပြီးပြန်ပြောမယ်လို့ပြောပါတယ်’’ ဟု ၎င်းကပြောသည်။

မြန်မာလုပ်သားနှစ်ဦးအမှု ရင်ဆိုင်နေရသော ကော့စမွီမြို့ သည် ဘန်ကောက်မြို့နှင့် မိုင် ပေါင်း ၆၀၀ နီးပါးဝေးကွာကြောင်း ဦးထူးချစ်က ပြောသည်။

ကော့စမွီမြို့သည် ကျွန်း တစ်ကျွန်းပေါ်တွင် တည်ရှိပြီး မြန်မာလုပ်သားနှစ်ဦးဘက်မှ ထွက်ဆိုပေးရမည့်သက်သေများ သည် ထိုကျွန်းပေါ်သို့သွားရန် ဝေးကွာပြီး လုံခြုံရေးအတွက်စိုး ရိမ်သောကြောင့် အခက်အခဲများ ရှိနေကြောင်း သတင်းရရှိသည်။

ဇူလိုင် ၈ ၊ ၉ ၊ ၁၀ ရက်နှင့် ၂၂ ၊ ၂၃ ၊ ၂၄ ရက်တို့တွင်ပြုလုပ်မည့်ရုံးချိန်း၌ ထိုင်းအစိုးရ၏ သက်သေများကို စစ်ဆေးမည်ဖြစ်ပြီး စက်တင်ဘာ ၁၊ ၂ ရက်နှင့် ၂၃ ၊ ၂၄၊ ၂၅ ရက်တို့တွင် ပြုလုပ်မည့် ရုံးချိန်း၌ မြန်မာလုပ်သားနှစ်ဦး၏ သက်သေများကို စစ်ဆေးသွား မည်ဖြစ်ကြောင်းသတင်းရရှိ သည်။

ထိုင်းအချုပ်ကားပေါ်တွင် မြန်မာလုပ်သားနှစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ - ရိုက်တာ)

7Day Daily, KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment