Pages

Saturday, December 27, 2014

ချင်းတွင်းမြစ်ဖျား တရားမဝင်ရွှေထုတ်လုပ်မှု သဘာဝပတ်ဝန်းကျင် ဆိုးရွားစွာပျက်စီး


RangonNewsDaily:: December . 27 .2014
ချင်းတွင်းမြစ်ဖျား ဟုမ္မလင်းနှင့်ခန္တီးအကြား ချင်း တွင်းမြစ်ကမ်းအတွင်း ဖက်တော တွင်းနေရာများ၊ ဟုမ္မလင်းမြို့ဝန်းကျင် ဥရုချောင်းရိုးတစ်လျှောက်ရွှေထုတ် လုပ်နေကြသောကုမ္ပဏီများနှင့်ပုဂ္ဂလိ ကရွှေထုတ်လုပ်သူများမှာ ထောင်ချီ ရှိနေပြီး ရွှေထုတ်လုပ်မှုကိုးဆယ်ရာ နှုန်းမှာ တရားဝင်ရွှေထုတ်နေသူများ မဟုတ်ဘဲ အချို့မှာစမ်းသပ်ကာလအဖြစ် ခွင့်ပြုသူများဖြစ်ကြောင်း အမျိုး သားလွှတ်တော်သတ္တုသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီဝင်တစ်ဦးက ပြောသည်။
''ချင်းတွင်းအထက်ပိုင်းမှာ တ ရားဝင်ရွှေတူးဖော်မှု မဟုတ်တဲ့အတွက် နိုင်ငံတော်မှာလဲ အခွန်မရ ဘူး၊ နောက်ပြီး ရွှေတူးတဲ့သူတွေကြောင့် သဘာဝတောတောင်တွေ၊ သားကောင်နဲ့ငါးတွေ၊ မြစ်တွေ ချောင်းတွေ အားလုံပျက်စီးနေတယ်၊ အခုရွှေတူးတဲ့သူတွေက ပေါက်ပြား လောက်နဲ့ တူးနေတာမဟုတ်ဘူး၊ စက် ယန္တရားတွေနဲ့လုပ်နေတာပါ၊ ရွှေမျော တွေ ကိုလဲ မြစ်ထဲချောင်းထဲထိုးချ လိုက်တာပါ။ အခုဆိုရင် အားလုံးပျက်စီးနေ တာပါ၊

 ရွှေတူးဖော်တဲ့သူတွေ တရားဝင်ဖြစ်လာရင် လက်လုပ်လက်စားတွေလဲ အဆင်ပြေမယ်၊ တစ်ပိုင် တစ်နိုင်သမားတွေလဲ အဆင်ပြေမယ်၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုလဲ နည်းလာမယ်''ဟု ယင်းက ဆက်လက် ပြောကြားသည်။

''အဓိကကတော့ ဒေသအလိုက် လွှတ်တော်ကိုယ်စားလှယ်တွေ တင်ပြမှုကို စိစစ်ဆောင်ရွက်ပေးနိုင်ဖို့လို ပါတယ်၊ ဗဟိုကနေတိုက်ရိုက်ကိုင်တွယ် မှုတွေ လျှော့ချနိုင်ပါမှ ဒေသ တွင်းပြဿနာတွေကို ဖြေရှင်းနိုင်ပါမယ်၊ ကျွန်တော်တို့ လွှတ်တော်က ရှင်းလင်းအောင်တင်ပြနေပေမယ့် သက်ဆိုင်ရာဌာနတွေက ပိတ်နေတာ မျိုးကတော့မဖြစ်သင့်ပါဘူး''ဟု အမျိုးသားလွှတ်တော် ယ်စားလှယ်ဦးသိန်းလှိုင်က ပြောသည်။

ယခုအခါ ရွှေထုတ်လုပ်မှုတွင် ချင်းတွင်းအထက်ပိုင်း ဥရုချောင်းရိုးတွင် အများဆုံးဖြစ်ပြီး၊ ချင်းတွင်း အထက်ပိုင်းဟုမ္မလင်း-ခန္တီးအကြား တောတွင်းနေရာ များတွင်လည်း ရွှေ ထုတ်လုပ်မှုများရှိနေရာ ရွှေထုတ်လုပ်မှုမှ စီးဆင်း လာသောရေဆိုးများ ကြောင့် ချင်းတွင်းမြစ်ရေမှာ နောက်ကျိနေပြီး ချင်း တွင်းမြစ်ကြောင်းပျက်စီးမှုမှာလည်း နှစ်တိုင်းထက်ဆိုးရွားစွာပျက်စီးနေကြောင်း သိရသည်။

MOS , Democracytoda , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment