Pages

Saturday, December 27, 2014

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို လုပ်ကြံသတ်ဖြတ်မှုအကြောင်း ရိုက်ကူးထားတဲ့ ဟာသကား The Interview


RangonNewsDaily:: December . 27 .2014
ခြိမ်းခြောက်မှုများကြောင့် ဂယက်ရိုက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို လုပ်ကြံသတ်ဖြတ်မှုအကြောင်း ရိုက်ကူးထားတဲ့ ဟာသကား The Interview ကတော့ ခရစ္စမတ်နေ့မှာ အမေရိကန်နိုင်ငံမှာ ရုံတင်ပြသနိုင်ခဲ့ပါပြီ။

ဆိုနီကုမ္ပဏီက ရိုက်ကူးထားတဲ့ The Interview ရုပ်ရှင်ကား မပြသမီမှာ ရုံတင်ပြသပါက အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်ရမယ်ဆိုပြီး ဟက်ကာတွေရဲ့ ခြိမ်းခြောက်မှုကြောင့် မပြသဖြစ်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ရာကနေ သမ္မတအိုဘားမားအပါအ၀င် အားလုံးက အဲဒါဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ဆုံးဖြတ်ချက်ပြင်ဆင်ဖို့ တိုက်တွန်းပြီးတဲ့နောက်မှာ ဆိုနီက ခရစ္စမတ်နေ့မှာ ရုံတင်ပြသဖို့ ပြန်လည် ဆုံးဖြတ်ခဲ့တာပါ။ 

ရုပ်ရှင်ရုံမှာတင်တဲ့အပြင် အွန်လိုင်းကနေတစ်ဆင့်လည်း ငှားရမ်း၊ ရောင်းချတဲ့ စနစ်နဲ့ ဖြန့်ဖြူးခဲ့တာကြောင့် တပြိုင်နက်တည်းလိုလို မြန်မာနိုင်ငံမှာလည်း အခုဆိုကြည့်လို့ရနေပါပြီ။ မြောက်ကိုရီးယားခေါင်း ဆောင်အကြောင်း ရိုက်ကူးထားတာဖြစ်လို့ မြန်မာနိုင်ငံက ရုပ်ရှင်ရုံတွေမှာကြည့်ခွင့်ရမရ မသေချာပေမယ့် အွန်လိုင်းကနေ ကြည့်ရှုလို့ရနေတာမို့ ဇာတ်ကား အကြောင်းလေးကို အမြည်းတင်ဆက်ပေးလိုက်ပါရစေ။

Skylark Tonight အစီအစဉ်တင်ဆက်သူ ဒေ့ဗ်စကိုင်းလက်ခ် က သူငယ်ချင်းဖြစ်သူ ဂျာနယ်လစ်ဇင်ဘွဲ့ရ အေရွန်ရဲ့ အကူအညီနဲ့ သူ့အစီအစဉ်တွေကို တင်ဆက် လာတာ အမှတ်စဉ် ၁,၀၀၀ တိုင်ခဲ့ပါပြီ။ အနုပညာရှင်တွေကို တွေ့ဆုံမေးမြန်းတဲ့အစီအစဉ်ဖြစ် ပြီး အနုပညာရှင်တွေရဲ့ အတွင်း ရေးတွေကို မေးမြန်းတင်ဆက် တာဖြစ်လို့ ကြည့်ရှု့သူ သန်းချီရ ထားတဲ့ အစီအစဉ်ပါ။ ဇာတ်ကား ရဲ့ တစ်နေရာမှာ ရက်ပ်ပါအန်မီ နမ်က ဧည့်သရုပ်ဆောင်အဖြစ်ပါ ၀င်ထားပြီး သူဟာ ဂေးလ်တစ်ဦး ဖြစ်ကြောင်း ၀န်ခံခဲ့တဲ့ ဇာတ်ဝင် ခန်းကလည်း ပရိသတ်တွေ ပွဲကျ မှာ အသေအချာပါ။

တစ်ရက်မှာတော့ ကမ္ဘာမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြောက်ကိုရီးယားခေါင်းဆောင်အာဏာ ရှင် ကင်ဂျုံအန်က Skylark Toni-ght အစီအစဉ်ရဲ့ အမာခံပရိသတ် တစ်ဦးဖြစ်တာကို သိရှိခဲ့ရပြီးနောက်မှာ ကင်ဂျုံအန်ကဒေ့ဗ်တို့ကို အင် တာဗျူးခွင့် ပေးလိုက်ပါတယ်။ ကင်ဂျုံအန်ကို သွားရောက်အင် တာဗျူးဖို့ စိတ်အားထက်သန်နေ ကြတဲ့ သူတို့နှစ်ဦးကို အမေရိကန် စီအိုင်အေက ကိုယ်စားလှယ်အ မျိုးသမီး လစ်ဇီကလာတွေ့ပြီးချိန် မှာတော့ သူတို့ရဲ့ တွေ့ဆုံမေးမြန်းမယ့်အစီအစဉ်ကနေ မြောက်ကို ရီးယားခေါင်းဆောင်ကို လုပ်ကြံ သတ်ဖြတ်မယ့် လျှို့ဝှက်အစီအစဉ်အဖြစ် ပြောင်းလဲသွားပါတော့ တယ်။

လစ်ဇီက သူတို့နှစ်ဦးကို လုပ်ကြံဖို့အတွက် လေ့ကျင့်သင်ကြား မှုတွေ ပေးပြီးတဲ့ အခါမှာတော့ ခေါင်းဆောင်ကို ဘုရားလိုကိုးကွယ် တယ်ဆိုပြီး ကျော်ကြားတဲ့ ပြုံယမ်းမြို့တော်ကို သူတို့နှစ်ဦးခရီးနှင်ခဲ့ ကြပါတယ်။

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အာဏာရှင်လက်သစ်ဖြစ်နေတဲ့ ကင်ဂျုံအန်နဲ့ နဖူးတွေ့ ဒူးတွေ့ တွေ့ဆုံတဲ့အခါမှာတော့ ဒေးဗ် တစ်ယောက် မူလအစီအစဉ်တွေ ကို အကောင်အထည်မဖော်လို တော့ဘဲ ကင်နဲ့ ညီအစ်ကိုလိုရင်း နှီးသွားပါတော့တယ်။ 

ကင်ဂျုံအန် ရဲ့ တင့်ကားကိုစီးနင်းလိုက်ပါပြီး ကယ်တီပယ်ရီရဲ့ Firework သီချင်းကို အတူတူဆို၊ ဘတ်စ်ကက်ဘော အတူတူကစားကြရင်း ချစ်ခင်ရင်းနှီးသွားကြပေမယ့် သူတို့ရဲ့ လုပ်ကြံသတ်ဖြတ်မယ့် အစီအစဉ် အောင်မြင်မလား၊ မအောင်မြင်ဘူးလားဆိုတာကိုတော့ The Interview မှာ ဆက်လက်ရှုစားရမှာပါ။The Interview မှာ ဟာသ သရုပ်ဆောင် Senth Rogen နဲ့ James Franco တို့က အဓိကပါ ၀င်သရုပ်ဆောင်ထားကြပါတယ်။

KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment