Pages

Saturday, December 27, 2014

တရားရုံး၏ ဆုံးဖြတ်ချက်ကို မကျေနပ်၍ လမ်းသွားလမ်းလာများကို ကားဖြင့်တိုက်

RangonNewsDaily:: December . 27 .2014
တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တွင် အဖိုးအို တစ်ဦးက လူအုပ်ကြားထဲသို့ ကားဖြင့်
ဝင်တိုက်ခဲ့သဖြင့် လူ ၈ ဦးခန့် ဒဏ်ရာရရှိသွားသည်ဟု သိရသည်။
ဂျင်မ်ဟု အမည်ရှိသည့် တရုတ်အဖိုးအိုသည် မကြာသေးခင်က တရားရုံးတွင်
ချမှတ်ခဲ့သည့် ၄င်း၏ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် တရားရုံး၏
ဆုံးဖြတ်ချက် အပေါ် မကျေနပ်၍ ယခုကဲ့သို့ ကားဖြင့် ဝင်တိုက်ခဲ့ရခြင်း
ဖြစ်သည်ဟု ဘေဂျင်း ရဲအရာရှိများက ပြောသည်။

ဂျင်မ်၏ ကားပေါ်တွင် “တရားမျှတမှုမရှိ” ဟူသည့်စာတမ်းကို ရေးထိုးထားပြီး
ဂျင်မ်၏ နဖူးပေါ်တွင်လည်း ထိုကဲ့သို့ ရေးသားထားသည့် ပိတ်စကို စည်းနှောင်
ထားကြောင်းတွေ့ ရသည်ဟု ရဲများက ပြောသည်။

လမ်းသွားလမ်းလာများကို အရှိန်ဖြင့် ဝင်တိုက်ခဲ့သည့် ဂျင်မ်၏ ကားသည်
လူအချို့ ကို တိုက်မိပြီးနောက် အခြား ကားတစ်စီးကို တိုက်မိပြီးမှသာ
ရပ်တန့်သွားခဲ့သည်။


တရားရုံး၏ တဖက်သတ် စီရင်ချက်များနှင့် မတရားသည့် အမိန့် ချမှတ်မှုများကို
လက်စားချေသည့် သဘောနှင့် အဆိုပါ ယာဉ်တိုက်မှုကဲ့သို့ လမ်းသွားလမ်းလာ
များ၊ ကျောင်းသားကျောင်းသူများကို ဦးတည်၍ တိုက်ခိုက်ခြင်းများကို
တရုတ်နိုင်ငံတွင် မကြာခဏ တွေ့ရလေ့ရှိသည်။


ABC news , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time