Pages

Friday, December 26, 2014

သရုပ်ဆောင်မင်းအုပ်စိုးထိုးကြိတ်ရာမှ လက်လွန်၍ မဂ္ဂဇင်းအယ်ဒီတာတစ်ဦး သေဆုံး


RangonNewsDaily:: December . 26 .2014
သရုပ်ဆောင် မင်းအုပ်စိုးသည် သရပါမဂ္ဂဇင်းမှ အယ်ဒီတာ မတေးနုရင် (ခ) မနုနုရင်ကို ထိုးကြိတ်ရာမှ လက်လွန်သေဆုံးသွားသည့်အတွက် ၎င်းအား ဖမ်းဆီး၍ လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းမှ ဒုရဲမှူး သိန်းဝင်းက 7Day သို့ အတည်ပြုပြောကြားသည်။

ဒီဇင်ဘာ ၂၅ ရက် နံနက် ၂ နာရီခွဲအချိန်တွင် ဗဟန်းမြို့နယ်၊ ဖိုးစိန်လမ်းရှိ သရုပ်ဆောင် မင်းအုပ်စိုး၏ နေအိမ်တွင် အခင်းဖြစ်ပွားခြင်းဖြစ်ပြီး သေဆုံးသူ မတေးနုရင် (ခ) မနုနုရင်၏ ရင်ဘတ်၊ မျက်နှာနှင့် ကျောဘက်တို့တွင် ထိုးကြိတ်မှုကြောင့် အညိုအမည်းဒဏ်ရာများဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ဒုရဲမှူး သိန်းဝင်းက ပြောသည်။ သရပါမဂ္ဂဇင်းမှာ မင်းအုပ်စိုးထုတ်ဝေနေသော မဂ္ဂဇင်းဖြစ်သည်။

7Day News ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment