Pages

Friday, December 26, 2014

ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၆၂/၇)နှင့် (၂၆၃/ဝ)ကြား၌ Caldina အဖြူရောင် ယာဉ်ယာဉ်ဝဲဘက်ရှေ့ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သဖြင့် သေဆုံး/ဒဏ်ရာရ


RangonNewsDaily:: December . 26 .2014
၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီ ၅ မိနစ်အချိန် မန္တလေးတိုင်း ဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၆၂/၇)နှင့် (၂၆၃/ဝ)ကြား၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ပေပင်လေး အမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက် အရ မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ (၇)ရပ်ကွက်နေ မိုးကျော်သူ (၅ဝ)နှစ်မောင်းနှင်လာသော 2E/**** Caldina အဖြူရောင်ယာဉ်သည် ဝဲဘက်ရှေ့ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြေသားလမ်းပေါ်သို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။
::
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း မိုးကျော်သူနှင့် ယာဉ်ပေါ်တွင်လိုက်ပါလာသော ရန်ကုန်တိုင်း ဒေသကြီး၊ တွံတေးမြို့နယ်၊ အုန်းပင်စုရပ်ကွက်နေ မဇာလှိုင်ဝင်း(၃ဝ)နှစ်တို့တွင် ဒဏ်ရာများ ရရှိခဲ့ သောကြောင့် ညောင်ကုန်းတိုက်နယ်ဆေးရုံသို့ တင်ပို့စဉ် မိုးကျော်သူမှာ ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားကြောင်းနှင့် မိုးကျော်သူအား ပေပင်လေးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၃၈/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/၃၃ရ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည် ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment