Pages

Saturday, December 27, 2014

ရောင်းအား အကောင်းဆုံး တေးသီချင်း သီဆိုသည့် အဖွဲ့အဖြစ် 2NE1 အဖွဲ့ ထိပ်ဆုံး၌ ရပ်တည်

RangonNewsDaily:: December . 27 .2014
K-Pop ဂီတလောကတွင် ရောင်းအား အကောင်းဆုံး တေးသီချင်း သီဆိုခဲ့သည့် အဆိုအဖွဲ့အဖြစ် 2NE1 အဖွဲ့က ထိပ်ဆုံးမှ ရပ်တည်နေခဲ့ကြောင်း Gaon Chart က ထုတ်ဖော် ပြောကြားခဲ့သည်။
တောင်ကိုရီးယား အမျိုးသမီး အဆိုအဖွဲ့များ၏ ဒစ်ဂျစ်တယ် တေးသီချင်း ရောင်းအား၊ တေးအယ်လ်ဘမ် ရောင်းအားနှင့် အားလုံးပေါင်း ရောင်းအားများကို Gaon Chart က အမျိုးအစား သုံးမျိုးခွဲ၍ ရွေးချယ်ခဲ့သည်။

Gaon Chart ၏ အချက်အလက်များ အရ 2NE1 
အဖွဲ့၏ Come Back Home တေးသီချင်းဖြင့် Gaon ၏ ရောင်းအား အကောင်းဆုံး ဒစ်ဂျစ်တယ် တေးသီချင်း လစဉ်ဇယားတွင် ရက်သတ္တပတ် နှစ်ပတ်ဆက်တိုက် ပထမနေရာကို ရရှိခဲ့သဖြင့် ဒစ်ဂျစ်တယ် တေးသီချင်း ရောင်းအားတွင် နံပါတ်တစ်နေရာကို ရရှိခဲ့သည်။

ဒစ်ဂျစ်တယ် တေးသီချင်း ရောင်းအား အကောင်းဆုံး စာရင်းတွင် နံပါတ်နှစ် နေရာကို SISTAR အဖွဲ့က ရရှိခဲ့သည်။ SISTAR အဖွဲ့၏ Some တေးသီချင်းသည်လည်း ပရိသတ်များ အထူးအားပေး နှစ်သက်သည့် တေးသီချင်းဖြစ်သည်။

A Pink အဖွဲ့၏ Mr.Chu က တေးသီချင်းနှင့် LUV တေးသီချင်း တို့သည်လည်း အောင်မြင်မှုများစွာ ရရှိခဲ့သဖြင့် ၎င်းအဖွဲ့သည် နံပါတ်သုံးနေရာကို ရရှိခဲ့ကြောင်း Gaon Chartက ထုတ်ဖော် ပြောကြားခဲ့သည်ဟု သိရသည်။

KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment