Pages

Monday, December 15, 2014

အိန္ဒိယသို့သွားရန် ဆိုက်ရောက်ဗီဇာရယူနိုင်သော ၄၃နိုင်ငံတွင် မြန်မာပါဝင်


RangonNewsDaily:: December . 15 .2014
အိန္ဒိယနိုင်ငံသို့ သွားရောက်မည်ဆိုပါက ဆိုက်ရောက်ဗီဇာ အား Electronic Travel Autorisation ဖြင့်ယူနိုင်သော နိုင်ငံပေါင်း ၄၃ နိုင်ငံတွင် မြန်မာနိုင်ငံ ပါဝင်ကြောင်း အိန္ဒိယသံရုံး၊ ရန် ကုန်မြို့မှ ဒီဇင်ဘာ ၁၂ ရက်တွင် ထုတ်ပြန် ကြေညာလိုက်သည်။
မြန်မာနိုင်ငံအပါအဝင် ဆိုက် ရောက်ဗီဇာရယူနိုင်သော နိုင်ငံပေါင်း ၄၃ နိုင်ငံကိုhttp://indianvisaonline.gov.in/visa/tvoa.html ၀က်ဆိုက်တွင် ဖော်ပြ ထားပြီး လုပ်ဆောင်ရမည့်နည်းလမ်းများ ကိုပါ အသေးစိတ် ရှင်းလင်းထား ကြောင်း သိရသည်။

အွန်လိုင်းဗီဇာလျှောက်ထားခြင်း ကို ၇၂ နာရီအတွင်း အီးမေးလ်မှတစ်ဆင့် ခွင့်ပြုပေးမည်ဖြစ်ကြောင်း တိုးရစ်ဗီဇာလျှောက် ထားရာတွင် တစ်နှစ်လျှင် နှစ်ကြိမ်၊ အလည် အပတ်တစ်ကြိမ်လျှင် ရက်ပေါင်း ၃ဝထက် မကျော်စေရ၊ ကျန်းမာရေးအရေးပေါ်အခြေ အနေမှလွဲ၍ ဗီဇာသက်တမ်းတိုးပေးမည် မဟုတ်ဟု ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
::
အိန္ဒိယနိုင်ငံသို့ အလည်အပတ် ခရီး၊ စီးပွားရေးခရီး၊ ကာလတိုဆေးကုသမှု ခံယူရန်နှင့် ဆွေမျိုးမိတ်ဆွေများနှင့်တွေ့ ဆုံရန် စသဖြင့် သွားရောက်နိုင် မည်ဖြစ်ပြီး အွန်လိုင်းမှပြန်လည်ပေးပို့သောဖိုင်ကို ပရင့် ထုတ်ယူ၍ အိန္ဒိယနိုင်ငံ အင်တာနေရှင်နယ် လေဆိပ်ကိုးခု (Bangalore, Channai, Co-chin, Delhi, Goa, Hyderabad, Kol-kata,Mumbai ,Thiruvanathapuram) တို့ကို သွား ရောက်နိုင်မည်ဖြစ်ကြောင်း သိ ရသည်။

Flower News Journal ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment