Pages

Monday, December 15, 2014

MPT ဆင်းမ်ကတ်များ အင်တာနက် အခမဲ့ ထည့်ပေးရန် စီစဉ်နေ


RangonNewsDaily:: December . 15 .2014
ပြည်တွင်းတွင် ဝန်ဆောင်မှု ပေးနေသည့် တယ်လီနောနှင့် အူရီးဒူးတို့၏ ဆင်းမ်ကတ် များတွင် အင်တာနက် စတင် အသုံး ပြုရန် အတွက်လျှောက်ထားရန် မလိုဘဲ အခမဲ့ပေး လျက်ရှိပြီး မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်း (MPT) ကလည်း ၎င်းတို့၏ ဆင်းမ်ကတ် များတွင် အင်တာနက် အခမဲ့ တစ်ပါ တည်းထည့်သွင်း ပေးရန် စီစဉ်နေ သည်ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း၏ မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက မဇ္ဈိမကို ပြောသည်။

ဦးမြင့်သိန်းထွန်းက "အချိန်တစ်ခုအတွင်းမှာ လုပ်သွားဖို့ အစီအစဉ် ရှိတယ်။ ဝယ်လိုအား အပေါ်ကြည့်ပြီး လုပ်သွား ပါမယ်" ဟုဆိုသည်။ ဈေးကွက် ဝယ်လိုအား များလာပါက ဝန်ဆောင်မှု ပိုမိုကောင်းမွန်ရန် ဆောင်ရွက်ရမည် ဖြစ်ပြီး ကွန်ရက် ထောက်ပံ့နိုင်မှု အခြေအနေများ အပေါ် မူတည်ပြီး ဆောင်ရွက် သွားမည်ဟု ဆိုသော်လည်း အချိန်အတိ အကျကိုမူ ပြောကြားခြင်း မရှိသေးပေ။

၎င်းက "ဝယ်လိုအားနဲ့ ဒီဘက်က ထောက်ပံ့နိုင်မှုအပေါ် မူတည်ပြီး အခြေအနေ တစ်ခုရောက်ရင် လုပ်သွားမှာပါ" ဟု ဆိုသည်။

ပြည်တွင်းဈေးကွက်အတွင်းတွင် မိုဘိုင်းအော်ပရေတာ သုံးခုက အပြိုင်ဝန်ဆောင်မှု ပေးနေပြီး ဆက်လက်၍ ပြည်တွင်း အော်ပရေတာ တစ်ခု ထပ်မံဝင်ရောက် လာရန် ရှိနေသည်။ အပြိုင်ဝန်ဆောင်မှု ပေးချိန်တွင် ၀န်ဆောင်မှု ပိုမိုကောင်းမွန်ပြီး ဈေးနှုန်း သက်သာသည့် အော်ပရေတာ ကိုသာ ရွေးချယ် အသုံး ပြုသွား မည်ဟု ဖုန်းအသုံးပြု သူတစ်ဦးက ဆိုသည်။

၎င်းက "လောလောဆယ် အော်ပရေတာ သုံးခုရှိတယ်။ အင်တာနက် စသုံးဖို့ ကျန်တဲ့ အော်ပရေ တာတွေမှာ ပိုက်ဆံမပေးရဘူး။ ဒီတော့ သက်သာ တာကိုပဲသုံး မယ်။ ဖုန်းပြောဖို့ အတွက်ကျတော့ ဈေးကြီးပေမယ့် MPT က အဆင်ပြေနေတယ်။ ကျန်တဲ့အော်ပရေ တာတွေ တကယ် ကောင်းလာရင်တော့ သက်သာတာ ပဲ ရွေးသုံးရမှာပဲ" ဟုဆိုသည်။

မြန်မာ့ ဆက်သွယ်ရေးက ၎င်းတို့၏ ဆင်းမ်ကတ်များကို အင်တာနက် တပါတည်း ထည့်သွင်းပေးရန် စီစဉ်နေ သည့်အပြင် ဖုန်းပြောဆိုခကို လည်းအခြား အော် ပရေတာများ နည်းတူ လျှော့ချသွာရန် အစီအစဉ် ရှိသည်ဟု ဦးမြင့်သိန်းထွန်းက ပြောသည်။ အင်တာနက် အသုံးပြုခ ကောက်ခံသည့် ပုံစံကိုလည်း ပိုမိုကောင်း မွန်သည့် ပုံစံဖြင့် ပြောင်းလဲ ကောက်ခံသွားရန် စီစဉ်နေသည်ဟု ၎င်းက ဆိုသည်။

ဦးမြင့်သိန်းထွန်းက "နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ပုံစံတွေနဲ့ လုပ်သွားပါမယ်။ ဖုန်းပြောဆိုခ နှုန်းထားလျှော့ချဖို့ စီစဉ်နေပါတယ်။ အင်တာနက် အသုံးပြုခကိုလည်း ပိုကောင်းတဲ့ ပုံစံပြောင်းပြီး ကောက်ခံဖို့ စီစဉ်နေပါတယ်" ဟု ဆိုသည်။
တစ်မိနစ် ဖုန်းပြောဆိုခ အတွက် တယ်လီနောနှင့် အူရီးဒူးတို့က ၂၅ ကျပ်နှုန်း ကောက်ခံနေပြီး မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက တစ်မိနစ် ကျပ် ၅၀ နှုန်းကောက်ခံနေသည်။

အင်တာနက် စတင်အသုံးပြုရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၏ ဆင်းမ်ကတ်များတွင် အင်တာနက် လျှောက်ထားခ ကျပ်တစ်သောင်း ပေးနေ ရပြီး ပြည်ပအော်ပရေတာများက အခမဲ့ တစ်ပါတည်း ထည့်သွင်းပေးထားသည်။ အင်တာနက် အသုံးပြုခ ကောက်ခံသည့် ပုံစံကိုမူ MPT က အသုံးပြု သည့်အ ချိန် အလိုက် ကောက်ခံနေပြီး ပြည်ပအော်ပရေတာများက အသုံးပြုမှု ပမာဏ အလိုက် ကောက်ခံနေသည်။

Mizzima News , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment