Pages

Monday, December 15, 2014

ဇာတ်သိမ်းထိမကြည့်နဲ့’ အဓမ္မပြုကျင့်သည့် ဇာတ်ဝင်ခန်းနှင့်ပတ်သက်၍ ဒါရိုက်တာရှင်းချက်ထုတ်


RangonNewsDaily:: December . 15 .2014
‘ဇာတ်သိမ်းအထိ မကြည့်နဲ့’ဇာတ်ကားတွင် အဓမ္မပြု ကျင့်သည့်ပြကွက်ကိုသုံးကြိမ် တိုင်တိုင် ကွက်ကွက်ကွင်းကွင်း ပြထားသဖြင့် အများပြည်သူသို့ ပြသရန်မသင့်ကြောင်း ဆင်ဆာ တာဝန်ရှိသူများ၏ မှတ်ချက်နှင့် ပတ်သက်၍ ယင်းဇာတ်ကား ဒါရိုက်တာညိုမင်းလွင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် တုံ့ပြန်ထားသည်။

ယင်းဇာတ်ကားကို ဒီဇင်ဘာ ၁၀ ရက်ကပြုလုပ်ခဲ့သော ဆင် ဆာအဖွဲ့တာဝန်ရှိသူများနှင့် ရုပ် ရှင်လောကသားများ ဆင်ဆာမူဝါ ဒနှင့်ပတ်သက်၍ ဆွေးနွေးပွဲတွင် ဆင်ဆာတာဝန်ရှိသူများဘက်က ကာမရာဂနှင့်ပတ်သက်၍ စိစစ် တွေ့ရှိခဲ့သော ဇာတ်ကားများမှ နမူနာဇာတ်ကားအနေဖြင့် ပြသ ခဲ့ခြင်းဖြစ်သည်။

‘‘ဇာတ်သိမ်းအထိမကြည့် နဲ့ တစ်ကားလုံးဟာ အဲဒီဇာတ် ဝင်ခန်းအပေါ်မှာ ၁၀၀ ရာခိုင်နှုန်း တည်ဆောက်ထားတဲ့အတွက်၊ ကျွန်တော့်ဇာတ်ဝင်ခန်းရဲ့ တကယ့်ရည်ရွယ်ချက်ကို လိပ်ပြာ သန့်တဲ့အတွက် ပရိသတ်တွေဆီ ကို ကျွန်တော်ယုံကြည်စွာချပြပါ့ မယ်။ ဒီဇာတ်ဝင်ခန်းဟာ မောင် နဲ့ နှမ၊ သားနဲ့ အမိ အတူထိုင်မကြည့်ရဲအောင်ရိုက်ထားတဲ့ လိင် အသားပေး ဇာတ်ဝင်ခန်းလုံးဝ မဟုတ်ပါဘူး။ ဖြစ်ခြင်းဖြစ်ရင် မောင်နဲ့ နှမ၊ သားနဲ့ အမိအတူတူ ထိုင်ကြည့်ပြီး လူယုတ်မာ၊ မုဒိမ်း သမားတွေရဲ့ အန္တရာယ်ကိုတစ် ယောက်ကိုတစ်ယောက် သတိပေးစရာတစ်ခုသာဖြစ်ပါလိမ့်မယ်’’ဟု ဆင်ဆာတာဝန်ရှိသူများ မှတ်ချက်ပြုထားသည့်အပေါ် ညိုမင်းလွင်က ရေးသားထားသည်။


ထို့အပြင် ဇာတ်ကားတစ် ကားလုံး၌ ယင်းအခန်းကို သုံး ကြိမ်ပြသခြင်းမှာလည်း လိုအပ်သောကြောင့် ပြသခဲ့ခြင်းသာဖြစ်ပြီး ဇာတ်ကားထွက်ရှိလာချိန်တွင် ယင်းဇာတ်ဝင်ခန်းသည် ရက်စက်ကြမ်းကြုတ်မှု၊ ယုတ်မာမှုကိုပြခြင်းမဟုတ်ဘဲ လိင်စိတ်ဆန္ဒကို နိုးကြားအောင်ရိုက်ပြထားသော အပြာကားဆန်ဆန် ဖြစ်နေခဲ့ပါက ပရိသတ်များကြိုက်သလို ဆုံးဖြတ်နိုင်ကြောင်း ၎င်းက ရေးသားထားသည်။

မုဒိမ်းမှုကို ရိုက်ကူးထားခြင်း ဖြစ်သောကြောင့် ၎င်း၏ တင်ပြပုံ များမှာ ကြမ်းသည်ဟုပြောနိုင် သလို ယဉ်ကျေးမှုအရ ဘယ်လိုမှ မသင့်လျော်နိုင်တာ သေချာပါ ကြောင်း ညိုမင်းလွင်က ရေးသား ထားသည်။

‘‘Sex (လိင်ပိုင်းဆိုင်ရာ)ဆိုတာထက် Torture (အနိုင် ကျင့်မှု)ကို ဦးတည်ပါတယ်။ အပြင်မှာ တကယ်ဖြစ်ခဲ့ဖူးတဲ့ မှတ်တမ်းရုပ်ရှင်တစ်ကားကို ကြည့်နေရသလို ကြည့်ကြရပါလိမ့်မယ်။ ဒီနေရာမှာ မြင်ဖူးနေကျ သရုပ်ဆောင်ဆိုရင် အဲဒီခံစားချက်ကို မပေးနိုင်မှာစိုးလို့ ပရိသတ်တွေနဲ့ မျက်နှာစိမ်းတဲ့သူကို ကျွန်တော်ရွေးခဲ့တယ်။ 

အဲဒီဇာတ်ဝင်ခန်းကို ရိုက်ကူးတဲ့အချိန်မှာ လူပေါင်းငါးဆယ်ကျော်အရှေ့မှာ၊ သရုပ်ဆောင်အမျိုးသမီးရဲ့ အုပ်ထိန်းသူမိခင်အရှေ့မှာ၊ ပြင်ဦးလွင်ထင်းရှူးတော မီးလောင်မြေမှာ ကျွန်တော်တို့အားလုံးခက်ခက်ခဲခဲနဲ့ အကြိမ်ကြိမ်ပြန်လည် ရိုက်ကူးခဲ့ကြရတယ်။ သရုပ်ဆောင်အားလုံးကလည်း တကယ်အပြင်မှာဖြစ်နေတဲ့အတိုင်း ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့ကြတယ်’’ဟု ဆင်ဆာတာဝန်ရှိသူများ မှတ်ချက်ပြုထားသည့် ဇာတ်ဝင်ခန်းရိုက်ကူးမှုကို ဒါရိုက်တာညိုမင်းလွင်က ရှင်းပြထားသည်။

ဒီဇင်ဘာ ၁၀ ရက်ကပြုလုပ် ခဲ့သော ဆွေးနွေးပွဲတွင်မူ ယင်း ဇာတ်ဝင်ခန်းတစ်ခုတည်းကိုသာ ပြသခဲ့ခြင်းဖြစ်သောကြောင့် အနု ပညာရှင်များဘက်က ယင်းဇာတ် ကားအပေါ် ဆွေးနွေးခြင်းမရှိခဲ့ သော်လည်း ဒါရိုက်တာဝင်းထွန်း ထွန်းကမူ ပြသခဲ့သောဇာတ်ကား များသည် ဇာတ်ဝင်ခန်းတစ်ခုချင်း စီကိုသာ ပြသခဲ့ခြင်းဖြစ်သော ကြောင့် ဆင်ဆာဖြတ်သင့်၊ မဖြတ်သင့်ကို ဆုံးဖြတ်၍မရနိုင် ကြောင်း ၎င်း၏ အမြင်ကို ပြော ကြားခဲ့သည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment