Pages

Monday, December 15, 2014

ယာဉ်ကြောကျပ်ခြင်းကို အကြောင်းပြ၍ ခရီးသည်တင်ယာဉ်အချို့ ခရီးစဉ် အဆုံးအထိ မဆွဲ

ရန်ကန်မြို့လယ်တစ်နေရာမှ ခရီးသည်တင်ကားများကို တွေ့ရစဉ် 
RangonNewsDaily:: December . 15 .2014
ရန်ကုန်မြို့တွင်း ပြေးဆွဲ လျက်ရှိသည့် ယာဉ်လိုင်းအချို့ သည် ယာဉ်ကြောကျပ်၊ မီးပွိုင့်မိသည်ကို အကြောင်းပြလျက် ခရီးစဉ်အစ၊ အဆုံးမဆွဲဘဲ ပြုလုပ် နေကြောင်း သတင်းရရှိသည်။

အဆိုပါ ယာဉ်များတွင် လှည်းတန်းမှတ်တိုင်အထိ ပြေးဆွဲ သောယာဉ်များပါဝင်သကဲ့သို့ ဒညင်းကုန်းမှတ်တိုင်ဂိတ်အထိ သာ ပြေး ဆွဲသော ယာဉ်များလည်း ရှိကြောင်း ခရီးသွားပြည်သူများ က ပြောသည်။

‘‘သူတို့ကားပေါ်တင်တုန်းက ဘယ်အထိရောက်မယ်ဆိုပြီးပြော တင်လေ။ ကိုယ်ကရောက်မယ် ထင် ပြီးတက်စီးတယ်။ ပြီးမှလမ်းပိတ်လို့ ရှေ့ဆက်မသွား တော့ဘူးဆိုပြီးလုပ်တယ်။ ပိုက်ဆံကျတော့ ခရီးစဉ်အစအဆုံး စာယူထားတယ်’’ ဟု (၄၈) မီနီဘတ်စ်ကားစီးသူအချို့ ဆိုသည်။

ထိုနည်းတူ ရွှေပြည်သာသို့ ပြေးဆွဲနေသည့် လိုင်းကားအချို့ မှာလည်း ဒညင်းကုန်းမီးပွိုင့်မိ သည်ကိုအကြောင်းပြပြီး ခရီးစဉ် အဆုံးအထိမသွားတော့ဘဲ လမ်း ဘေးတွင် ရပ်ထားသည်ဟု ရွှေ ပြည်သာသို့သွားသော ခရီးသည် အချို့က ပြောသည်။

‘‘လမ်းတွေက အရမ်းပိတ် တယ်။ မြို့ထဲမှာလည်း ဘလောက်တုန်းနဲ့ပိတ်တယ်။ ပြီးရင် မြေနီ ကုန်း၊ လှည်းတန်းမှာပိတ်တယ်။ နောက်တော့ ဒညင်းကုန်းပိတ်တာ တော့ အကြာဆုံးပဲ။ အဲဒီတော့ တချို့ကားတွေက ဂိတ်ဆုံးအထိ မဆွဲတော့ဘူး’’ဟု ရွှေအင်းဝယာဉ် လိုင်းမှ ယာဉ်နောက်လိုက်က ဆိုသည်။

လမ်းပိတ်ဆို့သည့် ဒညင်း ကုန်းမီးပွိုင့်သည် ကားကြီးများ၊ ကွန်တိန်နာများ၊ ကုန်ကားများ အများဆုံးဖြတ်သန်းသွားလာပြီး ယာဉ်ထိန်းရဲနှစ်ဦးနှင့် လမ်းရှင်း နေသော်လည်း လမ်းများပေါ်တွင် စည်းကမ်းမဲ့ မောင်းသူပိုများ သောကြောင့် အချိန်ပိုကြာခြင်း ဖြစ်သည်ဟု ယာဉ်မောင်းအချို့က ပြောသည်။

‘‘လူတိုင်းတော့ မြန်မြန် ရောက်ချင်တာပဲလေ။ ကိုယ့်လမ်း ကိုယ် မမောင်းဘူး ကျော်တက် တော့ ဟိုဘက်ကားနဲ့တွေ့တော့ ပိတ်ပြီလေ။ အဲဒီလိုကားတွေကို များများဖမ်းမှ လမ်းတွေရှင်းမှာ’’ ဟု အငှားယာဉ်မောင်းတစ်ဦးက ဆိုသည်။

ခရီးစဉ်အစ အဆုံးပြေးဆွဲ ခြင်းမရှိသည့် မော်တော်ယာဉ် လိုင်းကားများကို ကားနံပါတ်မှတ် ကာ တိုင်ကြားနိုင်ပြီး ယာဉ်စည်း ကမ်းထိန်းသိမ်းရေးအဖွဲ့က လည်း လိုက်လံ စစ်ဆေးနေသည်ဟု မထသ(ဗဟို)ဥက္ကဋ္ဌဦးလှအောင် က ပြောသည်။
‘‘ကျွန်တော်တို့ဆီကို ဖုန်း ဆက်ပြီး ယာဉ်လိုင်းကားနံပါတ် ကိုသာမှတ်ပြီး လှမ်းတိုင်ပါ။ အဲဒီ ယာဉ်လိုင်းတွေကို ချက်ချင်းသွား ရောက်အရေးယူဆောင်ရွက်ပေး ပါတယ်။ ပြည်သူတွေကို ဒီလို လုပ်တာမကောင်းပါဘူး’’ဟု ၎င်း က ပြောသည်။

မီနီဘတ်စ်ယာဉ်များနှင့် မှတ် တိုင်အလိုက်ယာဉ်စီးခကောက် ယူသော လိုင်းကားများသည် သတ် မှတ်ခရီးစဉ်အစ၊အဆုံးမပြေးဆွဲ တော့သည်မှာ ယခုလအတွင်း ပိုများ လာသည်ဟု ခရီးသွားပြည် သူများထံမှ သိရသည်။

(ဓာတ်ပုံ − 7 Day Daily)
7Day Daily, KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment