Pages

Monday, December 15, 2014

အင်းစိန်မြို့နယ်၊ အောင်ဇေယျတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှုဖြစ်ပွားခဲ့ရာ (၁)ဦးသေဆုံး


RangonNewsDaily:: December . 15 .2014
၁၄.၁၂.၂၀၁၄ ရက်နေ့ ၁၃၀၃ အချိန်တွင် အင်းစိန်မြို့နယ်၊ ကမ်းနားအနောက်
ရပ်ကွက်၊ အောင်ဇေယျတံတားအောက် စက်သုံးဆီအရောင်းဆိုင်တွင် ဆီဘောက်ဆာယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။
ဖြစ်စဉ်မှာ အဆိုပါစက်သုံးဆီဆိုင်တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်နေ ယာဉ်မောင်း နန်းအောင်၊
 (၃၄)နှစ်မောင်းနှင်သည့် 5F---- NISSAN DIESEL အမျိုးအစား ဂါလံ(၃၈၀၀)ဆံ့ ဆီဘောက်ဆာယာဉ်ပေါ်သို့ ယာဉ်နောက်လိုက်ဖြစ်သူ နိုင်မျိုးလင်း၊ (၂၁)နှစ်၊ နွားထိုးကြီးမြို့နယ်နေသူမှ ဒီဇယ်ဆီများဖြည့်သွင်းစဉ် အော့တိန်းဆီဖြင့်အသုံးပြုထားသော ဘောက်ဆာအား အပ်ကြိုးမချမိဘဲ ဆီဖြည့်သွင်းခဲ့ရာမှ အော့တိန်းဆီတွန်းကန်ကာ ဆီဘောက်ဆာပွင့်၍ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ မီးလောင်ရာသို့ မီးသတ်ယာဉ်များနှင့် တာဝန်ရှိသူများရောက်ရှိငြှိမ်းသတ်ခဲ့၍ ၁၃၄၀ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရပါသည်။

၎င်းဆီဘောက်ဆာယာဉ်မီးလောင်မှုဖြစ်ပွားရာတွင် ယာဉ်နောက်လိုက်ဖြစ်သူနိုင်မျိုးလင်းမှာ မီးလောင်ခံခဲ့ရပြီး သေဆုံးသွားခဲ့ပါသည်။

ယင်းသို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ယာဉ်မောင်းဖြစ်သူ နန်းအောင်အား အင်းစိန်မြို့မရဲစခန်း (ပ)၁၃၄၂/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅/၃၀၄-ကဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police , KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment