Pages

Monday, December 15, 2014

ရှမ်းမြောက်တိုက်ပွဲ တပ်မတော်နှင့် ကေအိုင်အေ နှစ်ဖက် ကျဆုံးမှုများရှိ

RangonNewsDaily:: December . 15 .2014
−မြန်မာ့တပ်မတော်နှင့် ကေအိုင်အေအပါအ၀င် မဟာ မိတ်တပ်ပေါင်းစုတို့ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဒီဇင်ဘာ ၁၃ ရက်က သုံးရက်ဆက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မ တီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ သတ္တမအကြိမ် တွေ့ဆုံဆွေး နွေးရန် အကြိုပြင်ဆင်မှုများ ပြု လုပ်နေချိန်တွင် ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။ ဒီဇင်ဘာ ၁၁ ရက်က နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော ခမရ ၂၁၃ကို ကေအိုင်အေက ချုံခိုတိုက်ခိုက်ခဲ့ပြီး စစ်ကူလိုက် သွားသည့် ခမရ ၂၁၅ ကို ကေ အိုင်အေနှင့် ပူးပေါင်းအင်အား ၅၀၀ ခန့်က ထပ်မံတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာ့တပ်မတော်မှ အမည်မဖော်လိုသူ အရာရှိတစ် ဦးက ဆိုသည်။

ဒီဇင်ဘာ ၁၂ ရက်က တိုက် ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကာ ဒီဇင်ဘာ ၁၃ ရက် နေ့လယ်တွင် မြန်မာ့တပ်မတော် စစ်ကြောင်း များနှင့် မဟာမိတ်တပ်ပေါင်းစုတို့ ကြား ကွတ်ခိုင်မြို့နယ် နမ်ဆလမ် နှင့် နားတီးကျေးရွာကြား၌ တိုက် ပွဲများ ဆက်လက်ပြင်းထန်ခဲ့ ကြောင်း သတင်းရရှိသည်။

မဟာမိတ်တပ်ပေါင်းစုတွင် ပါဝင်သည့် တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) က မြန်မာ့တပ်မ တော်ဘက်မှ တပ်ပေါင်းစုရှိရာ တောင်ကုန်းဘက်သို့ လက်နက် ကြီးများဖြင့် ဆက်တိုက်ပစ်ခတ် နေကြောင်း ဒီဇင်ဘာ ၁၃ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

တိုက်ပွဲများကြောင့် ထိခိုက် သေဆုံးမှုစာရင်းကို နှစ်ဖက်စလုံးမှ ထုတ်ပြန်ခြင်းမရှိသေးပေ။ ငြိမ်း ချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးအင်ရှန်ဆန်အောင် က ‘‘ဒီရက်ပိုင်းတိုက်ပွဲကတော့ နေ့စဉ်ဖြစ်နေတာပဲ။ ထိခိုက်ကျဆုံး အသေးစိတ်တော့ မသိရသေး ဘူး’’ဟု ဆိုသည်။

သီးခြားအတည်ပြုချက် မရ ရှိသော်လည်း မြန်မာ့တပ်မတော် ဖက်မှ ရှစ်ဦးကျဆုံးခဲ့ပြီး တပ် ပေါင်းစုဘက်မှ သေဆုံးမှုမှာ ယင်းပမာဏထက် ပိုမိုများပြားခဲ့ကြောင်း ရှေ့တန်း စစ်မြေပြင် အ သိုင်းအ၀ိုင်းမှ သိရသည်။

မဟာမိတ်တပ်ပေါင်းစုဘက် က တိုက်ပွဲအခြေအနေပိုမိုပြင်း ထန်လာပြီး မြန်မာ့တပ်မတော် ဘက်မှ လေကြောင်းပစ်ကူပေး မည်ဟု သတင်းများလည်း ထွက် ပေါ်နေကြောင်း ဒီဇင်ဘာ ၁၃ ရက်က ပြောသည်။

မဟာမိတ်တပ်ပေါင်းစုတွင် ကေအိုင်အေ PSLF/TNLAနှင့် ကိုးကန့်အဖွဲ့ (MNDAA) တို့ပါ ၀င်ကြောင်း သတင်းရရှိသည်

7Day Daily, KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment