Pages

Tuesday, December 16, 2014

လမ်းမပေါ်မှာ ရောင်းတဲ့ ဘီယာနဲ့ အရက်ဆိုင်တွေ

RangonNewsDaily:: December . 15 .2014
စာဖတ်သူကဏ္ဍကို ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်က ဒေါ်ခင်ဝင့်သူရဲ့စာရောက်လာပါတယ်
။ သူရေးထားတာကတော့ ရန်ကုန်မြို့ရဲ့ လမ်းမကြီးနဲ့ လမ်းသွယ်တွေမှာ ဖွင့်တဲ့ ဘီယာဆိုင်တွေ ညနေဆိုရင် ပလက်ဖောင်းနဲ့ လမ်းမပေါ်အထိရောက်လာကြတာ ကို ရေးသားပေးပို့ခဲ့တာ ဖြစ်ပါတယ်။ 
သူ့စာထဲမှာ သူ ဟာ ကျောင်းဆရာမတစ်ဦး ဖြစ်ပြီး သူတာဝန်ကျတဲ့ ကျောင်းကိုသွားတဲ့ လမ်းတစ်လျှောက် တွေ့ကြုံရတာ ကို ဖော်ပြထားပါတယ်။ သူသိထားတာက ခွင့်ပြုထားတဲ့ ဘီယာဆိုင်တွေဟာ သတ်မှတ်ထားတဲ့ ဆိုင်အ တွင်းမှာပဲ ဖွင့်ရမှာဖြစ်ပေမယ့် အခုတော့ လမ်းမပေါ်အထိ ဖွင့်လှစ်ကြတယ်လို့ ပြောပါတယ်။

ဒီဆိုင်ရှေ့မှာ လျှောက်သွားရတာကို သူ့အရွယ်ရောက်ပြီးဖြစ်တဲ့ ကျောင်းဆရာမ တစ်ဦးအနေနဲ့တောင် စိတ်အနှောင့်အယှက်ဖြစ်ရရင် အမျိုးသမီး ငယ်လေးတွေအနေနဲ့ သူ့ထက်ပိုပြီး ခံစားရမှာကိုတွေးမိပြီး ရေးလိုက်တာပါလို့ ဆိုပါတယ်။
::
သူတို့ ဘီယာနဲ့ အရက်ဆိုင်တွေက ညနေ ရုံးဆင်းချိန်၊ ကျောင်းဆင်းချိန်နဲ့ ဈေးသွား၊ ဈေးလာတွေ စည်ကားသွားလာနေရတဲ့ လမ်းမပေါ် ပလက်ဖောင်းပေါ်မှာ ခုံတွေတင်ပြီး ရောင်းချနေကြတယ်လို့ ပြောပါတယ်။

ဒီလို ဘီယာ၊ အရက်သောက်နေကြတဲ့ လူတွေကြားထဲ က ဖြတ်သွားနေကြရတာကို တာဝန်ရှိတဲ့ စည်ပင် နဲ့ အုပ်ချုပ်သူ လူကြီးမင်းတွေ နေ့စဉ်တွေ့မြင်နေကြပေမယ့် ဘယ်လိုမှ တားဆီး အရေးယူတာ၊ ဟန့်တား တာ၊ သတိပေးတာတွေ မရှိပါဘူး။
::
ဒါကြောင့်မို့ ခွင့်ပြုထားတဲ့ ဧရိယာနယ်နိမိတ် ထဲမှာပဲ ဖွင့်လှစ်ဖို့ စည်း ကမ်း ကြပ်မတ်စေလိုပြီး မဟုတ်ရင် သူတို့ကို ရှောင်သွားနေရတဲ့ အတွက် ယာဉ်အန္တရာယ် မကြာခဏ ကြုံ ရတဲ့ အမျိုးသမီးတွေမှာ နေ့စဉ် စိတ်ဆင်းရဲ နေရပါတယ်လို့ ရေးပါတယ်။
::
သူနေတဲ့ ဗဟန်းမြို့နယ် တင်မ ဟုတ်ဘဲ ရန်ကုန်မြို့လယ်က မြို့နယ်တွေရဲ့ လမ်းမတွေပေါ်မှာ လည်း ဒီလိုအဖြစ်မျိုးတွေ ကြုံနေရတာကို မဇ္ဈိမ စာဖတ်သူကဏ္ဍကတစ်ဆင့် တာဝန်ရှိသူတွေ သိအောင်ရေးသားပေးပို့ လိုက်ပါတယ် လို့ ရေးလာတဲ့ စာကို ဖော်ပြလိုက်ပါတယ်။

Mizzima ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment