Pages

Friday, December 5, 2014

ပထမဦးဆုံးအကြိမ် ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်မည့် မုတ္တမ မီနီမာရသွန်ပြိုင်ပွဲ စာနယ်ဇင်းရှင်း လင်းပွဲ


RangonNewsDaily:: December . 5 .2014
Mottama Company က ရန်ကုန်မြို့မှာ ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်မယ့် မုတ္တမ မီနီမာရသွန်ပြိုင်ပွဲ စာနယ်ဇင်းရှင်းလင်းပွဲကို ဒီဇင်ဘာ(၃)ရက်နေ့က
ဆီဒိုနားဟိုတယ် ရန်ကင်းခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ 
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့Mottama mini marathon ပြိုင်ပွဲကို ဒီဇင်ဘာ (၂၈)ရက်မှာ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။ Mottama mini marathon ပြိုင်ပွဲမှာ အမျိုးသား၊ အမျိုးသမီး (၁၂)ကီလိုမီတာ မာရသွန် ပြိုင်ပွဲနဲ့ အပျော်တမ်းပြေးချင်သူတွေအတွက် (၃)ကီလိုမီတာ fun ran အမျိုးအစားပြိုင်ပွဲတွေ ပါဝင်မှာဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲကို အသက်အရွယ်မရွေးပါဝင်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။

လျှောက်လွှာတွေကိုတော့ ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနဲ့ ကာယပညာဦးစီးဌာန၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာဘောလုံးကွင်း၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်၊ အောင်ဆန်း အားကစားကွင်းနဲ့ တာမွေမြို့နယ် ဗညားဒလလမ်းရှိ Dream Boat ရုံးခန်းတို့မှာ အခမဲ့ထုတ်ယူ နိုင်မှာဖြစ်ပြီး ဒီဇင်ဘာ(၈)ရက်နေ့ကနေ (၂၃)ရက်နောက်ဆုံးထားပြီး ရုံးချိန်အတွင်း လျှောက်လွှာတွေကို လက်ခံသွားမှာဖြစ်ပါတယ်။ပါဝင်ယှဉ်ပြိုင်ကြမယ့် ပြိုင်ပွဲဝင်တွေအတွက်လည်း ဖျော်ဖြေရေးအစီအစဉ်တွေပါဝင်မှာ ဖြစ်ပြီး Dream Boat အဖွဲ့က စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
::
အဆိုပါပြိုင်ပွဲကို ဒီဇင်ဘာ(၂၈)ရက် အမျိုးသားအားကစားရုံ(၁) သုဝဏ္ဏအားကစားရုံ ရှေ့နံနက်(၆)နာရီမှာ တာလွှတ်မှာဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်ကြမယ့် ပြိုင်ပွဲဝင်တွေအနေနဲ့ လျှောက်လွှာနဲ့အတူ လိုင်စင်ဓာတ်ပုံ တစ်ပုံ၊ မှတ်ပုံတင်(သို့မဟုတ်) ကျောင်းသားကဒ်(သို့မဟုတ်) ရန်ကုန်တိုင်းဒေသကြီးမှာ နေထိုင်ကြောင်း သန်းခေါင်စာရင်းမူရင်း မိတ္တူတို့ကို ပူးတွဲတင်ပြရမှာ ဖြစ်ပါတယ်။

ဆုကြေးငွေအနေနဲ့ ပထမဆုကို ၁၀ သိန်း၊ ဒုတိယဆုကို ၇ သိန်း၊ တတိယကို ၅ သိန်း၊ စတုတ္ထဆုကို ၃ သိန်းနဲ့ ပဉ္စမဆုကို ၂ သိန်းအပြင် အခြားသော ဆုလက်ဆောင်များကိုပါ ပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။
::
Mottama mini marathon ပြိုင်ပွဲမှာ အနိုင်ရရှိတဲ့ ပြိုင်ပွဲဝင်တွေကို ဆုကြေးငွေ အမြင့်ဆုံး (၁၀)သိန်းအထိ ချီးမြှင့်မှာဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်သူတိုင်း အလှူရှင်ဖြစ်သွားမယ့် အစီအစဉ်အနေနဲ့ ပါဝင်ဆင်နွှဲရုံနဲ့ ကုမ္ပဏီက ပြိုင်ပွဲဝင်တစ်ဦးကို ငွေကျပ်(၅၀၀၀)နှုန်း စိုက်ထုတ်ပေးမှာဖြစ် ပါတယ်။
::
ပြိုင်ပွဲဝင်အရေအတွက်အလိုက် ရရှိလာမယ့်ပမာဏအတိုင်း ရန်ကုန်တိုင်းဒေသကြီး မိခင်နဲ့ ကလေးစောင့်ရှောက်ရေးအသင်း ရန်ပုံငွေအဖြစ် လှူဒါန်းသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

MRTV4 ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment