Pages

Friday, December 5, 2014

Father Land ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်မြင့် ကျပ်သိန်းတစ်ထောင်ဖြင့် ဒုတိယမြောက်ရုံးချိန်းတွင် အာမခံရရှိ

RangonNewsDaily:: December . 5 .2014
ရန်ကုန်၊ ယုံကြည်အပ်နှံခြင်းအား အလွဲ သုံးစားပြုမှု၊ စာချုပ်စာတမ်းအလွဲသုံး စားပြုမှုတို့ဖြင့် တရားစွဲဆိုခြင်းခံထား ရသည့် Father Land ဆောက်လုပ် ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်မြင့်အား ဒီဇင်ဘာ ၂ရက် ဒုတိယမြောက် ရုံးချိန်း တွင် နှစ်ဖက်ရှေ့နေများလျှောက် လွှဲ ချက်အပြီး၌ ကျပ်သိန်း ၁ဝဝဝဖြင့် ကျောက်တံတားမြို့နယ် တရားရုံးမှ အာ မခံပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
၎င်းသည် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ပန်းဆိုးတန်း လမ်းမပေါ်ရှိ မြေပိုင်ရှင်ဒေါ်ခင်စန်း ရီ၏ မြေကွက်အမှတ် ၁၈၁၊ ၁၈၇တွင် ၁၂ထပ်တိုက် ဆောက်လုပ်နေခြင်းဖြစ် ပြီး မြေပိုင်ရှင်၏ ယုံကြည်အပ်နှံခြင်းအား အလွဲသုံးစားပြုမှု၊ စာချုပ်စာတမ်းအ လွဲသုံးစားပြုမှုတို့ဖြင့် အမှုတိုင်ကြားခံ ခဲ့ရခြင်းဖြစ်သည်။

တရားရုံးမှအမှုရင်ဆိုင်ရန် ဆင့် ခေါ်ရာ လာရောက်ရင်ဆိုင်ခြင်း မရှိ သည့်အတွက် ကျောက်တံတားရဲစခန်း မှတရားခံပြေးအဖြစ် သတ်မှတ်ကာ စွဲချက်တင်ခံခဲ့ရခြင်းဖြစ်သည်။
::
အဆိုပါအာမခံအား Father Land ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်မြင့်၏ ယောက်ဖတော်စပ်သူ နှစ်ဦးဖြစ်သည့် ဦးကျော်နိုင်နှင့် ဦးဝင်း ဆွေတို့မှ တစ်ဦးလျှင် ကျပ်သိန်း ၅ဝဝ စီဖြင့် အာမခံပေးခဲ့ခြင်းဖြစ်သည်။

''အာမခံပေးရင် ဆေးစာမှာ ကျန်း မာရေးဝန်ကြီးဌာနက ဆရာဝန်တစ်ဦး ဦးရဲ့ မှန်မမှန်အတည်ပြုပြီးမှ အာမခံ ပေးလို့ရတယ်။ ပြီးတော့ ပုဒ်မ ၄၆၈ က အာမခံပေးလို့မရဘူး။ တရားစွဲက တည်းက တရားခံပြေးအဖြစ်နဲ့ပါ တရား စွဲဆိုထားတဲ့အတွက် အာမခံနဲ့ပတ်သက် ပြီး ခရိုင်တရားရုံးကို ဆက်လက်တင်ပြ သွားမယ်''ဟုတရားလိုဘက်မှ ရှေ့နေ ဒေါ်ဆွေဆွေညိမ်းကပြောသည်။
::
အာမခံပေး၍မရသည့် ပုဒ်မ အား အာမခံပေးမည်ဆိုပါက ပြစ်မှု ဆိုင်ရာကျင့်ထုံးဥပဒေ ၄၉၇(၁) ခြွင်း ချက်အရ ၁၆နှစ်မပြည့်သေးသူ၊ မကျန်း မာသူအမျိုးသမီးဖြစ်ပါက အာမခံပေး နိုင်ကြောင်း သိရသည်။
'Father Land ကုမ္ပဏီက လက်ရှိမှာ နိုင်ငံတကာနဲ့ ချိတ်ဆက် လုပ်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ နှလုံးရောဂါလဲခံစားနေရတဲ့အတွက် တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ အာမခံပေးလိုက်တာပါ။ မြေပိုင်ရှင် တွေကိုလဲ နစ်နာကြေး ကျပ်သိန်းတစ် သောင်းကျော်ပေးလျော်ပြီးပါပြီ''ဟု ဦးကျော်မြင့်၏ရှေ့နေ ဦးလှမြင့်(ဒဂုန်) ကပြောသည်။
;;
Father Land ကုမ္ပဏီသည် ဝန် ထမ်းအင်းအား ၆ဝဝကျော်ဖြင့် ဆောက် လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်လျက် ရှိပြီး ဒီဇင်ဘာ၁၆ရက်တွင် တတိယ ရုံးချိန်းအဖြစ် တရားလို (မြေပိုင်ရှင်)ကို စစ်ဆေးသွားမည်ဖြစ်သည်။

ရန်ကုန်တိုင်းမ် ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment