Pages

Friday, December 5, 2014

မှတ်တိုင်မှ ယာဉ်ထွက်ခွာစဉ် ယာဉ်ပေါ်မှ ပြုတ်ကျသူ ခရီးသည်အမျိုးသား နောက်ဘီးဖြင့် ကြိတ်မိခဲ့ ၍ သေဆုံး

RangonNewsDaily:: December . 5 .2014
၃.၁၂.၂၀၁၄ ရက်နေ့ ၁၈၁၅ အချိန်တွင် လှိုင်မြို့နယ်၊ အင်းစိန်လမ်း အတိုင်း လှိုင်မြို့နယ်ဘက်မှ ကမာရွတ်မြို့နယ်ဘက်သို့ မောင်းနှင်လာသော 7F---- (၂၂၆)ယာဉ်လိုင်း ခရီးသည်တင်ယာဉ်သည် သံလမ်းမှတ်တိုင် အရောက် ခရီးသည် အတင်အချ ပြုလုပ်ပြီး မောင်းနှင်ထွက်ခွာစဉ် ၎င်းယာဉ်ပေါ်မှ အသက်(၂၅)နှစ်ခန့် အမျိုးသား(စိစစ်ဆဲ)မှာ ပြုတ်ကျခဲ့သဖြင့် ယာဉ်၏ယာဘက် နောက်ဘီးဖြင့် ကြိတ်မိခဲ့ပြီး ယာဉ်းမောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ ယာဉ်အား ထားကာ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။
ယာဉ်ဖြင့်ကြိတ်မိသူ အမျိုးသားမှာ ဦးခေါင်းကြေမွဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွား ခဲ့သည်။
::
ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား လှိုင်မြို့မ
ရဲစခန်း ယာဉ်(ပ) ၅၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Yangon Police::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment