Pages

Friday, December 5, 2014

ရန်ကုန်ရှိဈေးကြီးများတွင် အင်တာနက် အချိန်ပြည့် အခမဲ့သုံးနိုင်ရန် စီစဉ်နေ


RangonNewsDaily:: December . 5 .2014
ရန်ကုန်ရှိ ဈေးကြီးများတွင် ဝိုင်ဖိုင်စနစ်ဖြင့် အင်တာနက် အချိန်ပြည့် အခမဲ့ အသုံး ပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်းသိရ သည်။
အများပြည်သူ သွားလာမှုများ ပြားသည့်နေရာများကို အဓိကထား ၍ ဝိုင်ဖိုင်ဇုန် များ တည်ထောင်ပြီး အခမဲ့အသုံးပြုနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ပြီး ကနဦးအနေ ဖြင့် ဗိုလ်ချုပ်ဈေးနှင့် သိမ်ကြီးဈေးတို့ တွင် စတင်အသုံးပြုနိုင်ရန် စီစဉ် လျက်ရှိသည်ဟု Redlink Communication ကုမ္ပဏီ လီမိတက်မှ သိရ သည်။
အဆိုပါကုမ္ပဏီမှ အထွေထွေ မန်နေဂျာဦးမျိုးမြင့်ညွန့်က ''အခုက ဒီစနစ်စလုပ် ဖို့အတွက် ဈေးကော်မ တီတွေနဲ့ ညှိနှိုင်းနေပါတယ်။ ဝိုင်ဖိုင် ကို Password နံပါတ်တွေခံထားတာ မျိုးမဟုတ်ဘဲ ဘယ်သူမဆိုတန်းသုံး နိုင်မှာပါ''ဟု ပြော သည်။

ယင်းနေရာများတွင် ဝိုင်ဖိုင်အ သုံးပြုသူများကို အီးမေးစစ်ခြင်းနှင့် ဝက်ဘ်ဆိုက် များ ဝင်ရောက်ကြည့် ရှုနိုင်ရန်အထိ မြန်နှုန်းမြင့်စနစ်ဖြင့် သုံးနိုင်ရန် ဆောင်ရွက် ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဦးမျိုးမြင့်ညွန့်က ''တစ်ခါသုံးရင် မိနစ် ၃ဝပဲသုံးလို့ ရမယ့် ပုံစံမျိုး ပေါ့။ ကြာရင်တော့ Logout ဖြစ်သွားမယ်။ ပြန်ဝင်လိုက် တာနဲ့ သုံးလို့ပြန် ရမှာပါ။ ဒါကလဲ နိုင်ငံတကာမှာ Free WiFi ပေးတဲ့ အခါ လုပ်တဲ့ပုံစံမျိုးပါ။ လိုင်းကောင်း အောင် လုပ်သွားမှာပါ''ဟုပြောသည်။

လက်ရှိတွင် ဝိုင်ဖိုင်ဇုန်ပေါင်း ၁ဝခုကျော် တည်ထောင်ထားပြီးဖြစ် ကာ ရန်ကုန်ရှိလေဆိပ်၊ တက္ကသိုလ် များနှင့် ပုဂံဒေသတို့တွင် အခမဲ့စနစ် ဖြင့် အသုံးပြုခွင့်များပေးထားကြောင်း ထပ်မံ၍ Public Area များတွင် တိုးချဲ့ရန် အစီအစဉ်ရှိသည်ဟု သိရ သည်။

Redlink မှ အင်တာနက်ဝန် ဆောင်မှုထပ်မံပေးနိုင်ရန် မြို့များတိုး ချဲ့ဆောင်ရွက်သွားမည်ဖြစ်ပြီး လက် ရှိတွင် ရန်ကုန်၊ မန္တလေး၊ ပုဂံ အစရှိ သည့်နေရာများ၌ ဝန်ဆောင်မှုများ ပေးလျက်ရှိပြီး အခမဲ့ဝိုင်ဖိုင်ကို၂ဝ၁၂ ခုနှစ်က စတင်ပေးခဲ့ကြောင်း သိရ သည်။

Democracytoday, KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment

 
world time