RangonNewsDaily:: December . 5 .2014 (ဝါရှင်တန်)
ကမ္ဘာကြီးပူနွေးလာခြင်း၏ သက်ရောက် မှုကို ခံစားရရန်မှာ ဆယ်စုနှစ်အတန်ကြာ ဦးမည်ဟု သိပ္ပံပညာရှင်အတော်များများက ဆိုကြသည်။
သို့ရာတွင် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ် (CO₂) ထုတ်လွှတ်မှုကြောင့် ကမ္ဘာ့ ရာသီဥတုပြောင်းလဲ ပျက်စီးရန်မှာမူ ဆယ် နှစ်မျှသာကြာမည်ဟု သိပ္ပံပညာရှင်များက ဆိုကြသည်။
ယနေ့ CO₂ ထုတ်လွှတ်မှုကြောင့် ဖြစ် ပေါ်လာသည့် ရာသီဥတု ပျက်စီးပြောင်းလဲ မှု၏ အကျိုးသက်ရောက်မှုကို အနာဂတ်မျိုး ဆက်များ ခံစားရမည် ဆိုသော အယူအဆ မှာလွဲမှားသော အယူအဆဖြစ်သည်ဟု ဆိုကာ ဝါရှင်တန်အခြေစိုက်သုတေသီများ က ပယ်ချလိုက်သည်။
ကမ္ဘာကြီးပူနွေးမှုသည် ရာစုနှစ်တစ်စု ကျော်ကျော်ကြာ ဖြစ်နေနိုင်သည်ဆိုသည် ကို အကျိုးဆက်ရလဒ်များက ညွှန်းဆိုနေ မည်ဖြစ်သကဲ့သို့ CO₂ ထုတ်လွှတ်မှုကြောင့် ရာသီဥတုပျက်စီးပြောင်းလဲမှုနှင့် ရာသီဥတု ပြောင်းလဲပျက်စီးမှု၏ အကျိုးဆက်ကိုလည်း ကောင်း၊
CO₂ ထုတ်လွှတ်မှု ဖြတ်တောက် လျှော့ချမှုကြောင့် ဖြစ် ပေါ်လာမည့် အကျိုးရလဒ်ကိုလည်း ကောင်း နောင်အနာဂတ်မျိုးဆက် များကာလသို့ ရောက်မှသာ ခံစားရ မည်မဟုတ်ဘဲ လက်ရှိမျိုးဆက် လောလော လတ်လတ်မှာပင် ခံစား ရမည်ဖြစ်သည်ဟု သုတေသီတို့က ဆိုသည်။
CO₂ ထုတ်လွှတ်မှုကို ဖြတ် တောက်လျှော့ချနိုင်လျှင် ကမ္ဘာ ပူနွေးလာသည်ကို လျှော့ချနိုင်မည် ဖြစ်ပြီး မိုးခေါင်ခြောက်သွေ့ခြင်း၊ အ ပူလှိုင်းများ ကျခြင်းနှင့်ရေလျှံခြင်းတို့ ကဲ့သို့သော အစွန်းရောက်ရာသီဥတု ဖြစ်ပေါ်မှုကို ရှောင်လွှဲနိုင်မည်ဆို သည်ကို ကာနေဂျီသိပ္ပံအင်စတီကျု အရ သိရ၏။
မည်သို့ပင်ဖြစ်စေ ပင်လယ်ရေ မျက်နှာပြင်မြင့်တက်လာခြင်း၊ ရေခဲ များအရည်ပျော်ခြင်း၊ ဂေဟစနစ်ကြာ ရှည်လေးမြင့် ပျက်စီးနေခြင်းတို့ကဲ့ သို့သော ရာသီဥတုပူနွေးလာခြင်း၏ အကျိုးဆက်များသည် နှစ်ရာဂဏန်း သို့မဟုတ် ထောင်ဂဏန်းကျော်လွန် သည်အထိ ဖြစ်မနေနိုင်ဟု သုတေ သီများက ဆိုကြသည်။
Ref: Mail Online ,Democracytoday , KOLATT(PBDN)
RangonNewsDaily
0 comments:
Post a Comment