Pages

Friday, December 5, 2014

Frozen ထဲက မင်းသမီးနဲ့ တူတဲ့ ဆယ်ကျော်သက် မလေး


RangonNewsDaily:: December . 5 .2014
အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်ရှိ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်လေး တစ်ဦးဟာ Frozen ကာတွန်းထဲက ဇာတ်ကောင် မင်းသမီး Elsa နဲ့ အင်မတန် တူတာကြောင့် နာမည်ကြီး အောင်မြင်လာခဲ့ ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကစလို့ ဆိုရှယ်မီဒီယာမှာ သူမရဲ့ ဓာတ်ပုံတွေတင်ပြီး လူသိများလာရာမှ ယခုတော့ ပရော်ဖက်ရှင်နယ် မော်ဒယ်နဲ့ သရုပ်ဆောင် ဖြစ်နေ ပါပြီ။
သူမမှာ ကာတွန်းထဲက Elsa နဲ့ တူညီတဲ့ နောက်ထပ် အချက်တစ်ခုကတော့ စိတ်ထားပဲ ဖြစ်ပါတယ်။ Elsa နဲ့ တူတဲ့အတွက် Frozen မင်းသမီးကို မြင်ဖူးချင်တဲ့ ဖျားနာနေတဲ့ ကလေးငယ်လေးများထံ သွားလို့ ဖျော်ဖြေ ပေး ပါတယ်။ ‘Let it go’ သီချင်းကိုလည်း ဆိုပြ ပါတယ်။

ဒီအတွက် အခကြေးငွေ တစ်ပြားမှ မယူပဲ အခမဲ့ ပရဟိတ ပြုလုပ်ပေးလျက် ရှိပြီး မိဘများကလည်း ကူညီပေး ပါတယ်။ ယခုတော့ သူမကို ရုပ်သံလိုင်းများမှလည်း သရုပ်ဆောင်ဖို့ ခေါ်ပြီး မော်ဒယ်လည်း ဖြစ်လာ ပါတယ်။ ယူအေအီးနိုင်ငံက တော်ဝင်မိသားစု ဟာလည်း ၎င်းတို့ထံ ပါတီတက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့ပြီး လက်ဆောင်များစွာ ပေးအပ် ခဲ့ ပါတယ်။

Frozen ကို ရိုက်ကူးတဲ့ ဒါရိုက်တာ ကိုယ်တိုင်တောင် အံ့သြ ရလောက်တဲ့ အထိ ရုပ်ဟာ တူနေကြောင်း ဆိုပါတယ်။ ဒါကြောင့်မို့ ဆိုရှယ်မီဒီယာမှာ သူမဟာ follower ငါးသိန်းကျော်မက ရှိလာ ပါတယ်။ သူမ အနေနဲ့ လည်း ကလေးငယ်များ အတွက် role model တစ်ဦး ဖြစ်လာခြင်း အပေါ် နှစ်သက် ဂုဏ်ယူကြောင်း ပြောဆိုခဲ့ ပါတယ်။
.
Ref: Metro,  (ရိုးရာလေး) , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment