Pages

Tuesday, November 25, 2014

ရန်ကုန်မြို့ ကန်တော်ကြီး ကရ၀ိက်ဥယျာဉ်တွင် ရေးဆွဲနေသည့် သရီးဒီ ယနေ့အပြီးသတ်မည်


RangonNewsDaily:: November . 25 .2014
ရန်ကုန်မြို့တွင် ပထမဆုံး သရီးဒီပန်းချီကို ကန်တော်ကြီး ကရ၀ိက်ဥယျာဉ် ကမ္ဘာအတွင်း ရေးဆွဲလျက်ရှိပြီး ယနေ့ အပြီးသတ် ရေးဆွဲသွားမည် ဖြစ်သည်။
ပုသိမ်မြို့တွင် သရီးဒီ ပလက်ဖောင်းရေးဆွဲခဲ့သော ပန်းချီဆရာကို သက်နောင် ကပင် ရေးဆွဲနေခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၂ ရက်က စတင်ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

‘‘လာရောက် အပန်းဖြေတဲ့လူတွေ အမှတ်တရ ဓာတ်ပုံရိုက်လို့ရအောင်ပါ။ နောက်ပြီး သရီးဒီကို မြန်မာနိုင်ငံမှာလည်း လုပ်နိုင်တယ်ဆိုတာကို ပြချင်လို့ပါ။ လာရောက်အပန်းဖြေတဲ့သူတွေရဲ့ စိတ်ဝင်စားမှုအပေါ် မူတည်ပြီး ကန်တော်ကြီးထဲက နေရာတော်တော်များများမှာ ဆွဲသွားဖို့ အစီအစဉ်ရှိပါတယ်’’ ဟု ကန်တော်ကြီး ကရ၀က်ဥယျာဉ်ကမ္ဘာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
::
အဆိုပါ သရီးဒီကို ကရ၀ိက် ဥယျာဉ်ကမ္ဘာအတွင်း တိရစ္ဆာန်ရုံငယ် အနီးရှိ လှေကားတွင် ရေးဆွဲနေခြင်းဖြစ်ပြီး အပန်းဖြေလာရောက်သူများ စိတ်ဝင်တစား လာကြည့်ကြကြောင်း ပန်းချီရေးဆွဲနေသည့် ကိုသက်နောင်က ပြောသည်။

‘‘အရှည်က ပေ ၇၀ အကျယ် က ခြောက်ပေလောက်ရှိတာဆို တော့ စမ်းချောင်းလေးပဲ ဆွဲဖြစ်တယ်။ စိတ်ဝင်စားအောင် ဘယ် လို Effect တွေ ထည့်မလဲစဉ်းစားပြီး မိကျောင်းတွေ ချောက်ထဲက တက်လာတာကို ဆွဲထားတယ်။ မျောက်ကလေးတွေ၊ မြွေလေးတွေလည်း ပါမယ်။ တံတားလေးလည်းပါတော့ ဓာတ်ပုံရိုက်မယ်ဆိုရင် အဲဒီအပေါ်ကိုလည်း တက်ရိုက်လို့ရတယ်။ ကျောက်တုံးတွေလည်း ထည့်ထားတော့ အဲဒီအပေါ်မှာ ဓာတ်ပုံတက်ရိုက်လို့ ရတယ်’’ဟု ကိုသက်နောင်က ပြောကြားသည်။
::
ပုသိမ်မြို့တွင် သရီးဒီပန်းချီ ရေးဆွဲပြီးသည့် အချိန်ကတည်းက အလုပ်အပ်မှု များရှိပြီး မကြာမီရက်ပိုင်းအတွင်း၌ စမ်းချောင်း မြို့နယ်အတွင်းရှိ စားသောက် ဆိုင်တစ်ဆိုင်တွင်လည်း သရီးဒီ ပန်းချီ ရေးဆွဲပေးရန် လက်ခံထားကြောင်း ၎င်းကဆိုသည်။

ဓါတ်ပုံ- DVB
7Day ::-- KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment