Pages

Tuesday, November 25, 2014

ကိုပါကြီးဇနီး၏ထွက်ဆိုချက်များ စာဖြင့်ရေးသားပေးပို့ရန် လူ့အခွင့်အရေးကော်မရှင် အကြောင်းကြား


RangonNewsDaily:: November . 24 .2014
သေဆုံးသွားသည့် ကိုပါကြီး၏ ဇနီးဒေါ်သန္တာ၏ ထွက်ဆိုချက်များကို စာဖြင့်ရေးသားပြီးနိုဝင်ဘာ ၂၅ ရက်အရောက်ပေး ပို့ရန် မြန်မာနိုင်ငံအမျိုးသား လူ့ အခွင့်အရေးကော်မရှင်က အကြောင်းကြားလာခဲ့ကြောင်း ဒေါ်သန္တာ၏ ရှေ့နေကပြောသည်။
ကိုပါကြီးအရေးနှင့် ပတ် သက်၍ ဇနီးဒေါ်သန္တာနှင့် မြန်မာ နိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်တို့အကြား တွေ့ဆုံမေး မြန်းမှုပြုလုပ်ရန် နှစ်ဖက်ညှိ နှိုင်း မှုပျက်ပြယ်ပြီးနောက်ကော်မရှင် က ယင်းကဲ့သို့ အကြောင်းကြားခဲ့ ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်ဘက်က ယင်းကဲ့သို့ အကြောင်းကြားခဲ့ သော်လည်း မည်သည့်အကြောင်းအရာအား ရှင်းရှင်းလင်းလင်းဖြေ ကြားရမည်ကို ပြောကြားခဲ့ခြင်းမရှိကြောင်း ဒေါ်သန္တာ၏ ရှေ့နေ ဦးရောဘတ်စန်းအောင်ကပြောသည်။

‘‘ဘယ်အကြောင်းအရာကို ထွက်ချက်ပေးရမယ်ဆိုတာ မပီ ပြင်ဘူး’’ဟု တရားလွှတ်တော်ရှေ့ နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

ကိုပါကြီးသေဆုံးမှုနှင့် ပတ် သက်၍ ရန်ကုန်ရှိ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော် မရှင်ရုံးတွင် နိုဝင်ဘာလဆန်း ကတည်းက နှစ်ဖက် အကြား တွေ့ဆုံမေးမြန်းမှုများပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ရုံးအတွင်း ၀င် ရောက်ခွင့်ရှိသည့် လူဦးရေနှင့် ပတ်သက်၍ နှစ်ဖက်အကြား ညှိ နှိုင်းမှုအဆင်မပြေဘဲ ပျက်ပြယ်ခဲ့ ရသည်။

ကိုပါကြီး၏ ဇနီး ဒေါ်သန္တာ က ၎င်း၏ ရှေ့နေနှင့် အမျိုးသမီး အဖော်နှစ်ဦးတို့ လိုက်ပါခွင့်ပြုရန် တောင်းဆိုခဲ့သော်လည်း ကော် မရှင်ဘက်ကတစ်ဦးသာ လိုက်ပါ ခွင့်ပြုခဲ့သဖြင့် တွေ့ဆုံဆွေးနွေးမှု ပျက်ပြယ်ခဲ့ရသည်။

၎င်း၏ မိသားစုဝင်များနှင့် လုပ်ဖော်ကိုင်ဖက်များက အလွတ်တန်းသတင်းထောက်ဟု ပြော ကြားသော်လည်း မြန်မာ့တပ်မ တော်က လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်သည့် KKO စောဆန်း အောင်အဖွဲ့မှ ပြန်ကြားရေးတာ ၀န်ခံ ဗိုလ်ကြီးဟု ပြောကြားခဲ့ သည့် ကိုပါကြီးသည် အောက်တို ဘာ ၄ ရက်၌ မွန်ပြည်နယ် ကျိုက် မရောမြို့နယ်အတွင်း သေဆုံး သွားကြောင်း မြန်မာ့တပ်မတော် က အောက်တိုဘာ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကိုပါကြီး၏ ရုပ်အလောင်း တွင် မေးစေ့မှကပ်ပစ်ထားသည့် ကျည်ဆန်ရာတစ်ခု၊ ရင်ဘတ်နှင့် နောက်ကျောတွင် ကျည်ဆန်ရာ နှစ်ခုနှင့် ပေါင်တွင်ကျည်ဆန်ရာ နှစ်ခု၊ စုစုပေါင်း ငါး ခုတွေ့ရှိခဲ့ ကြောင်း မှုခင်းဆိုင်ရာဆေးပညာ ရှင်များက ၎င်းအားပြန်လည်ပြော ကြားခဲ့ကြောင်း ကိုပါကြီး၏ ဇနီး ဒေါ်သန္တာက နိုဝင်ဘာ ၆ ရက်တွင် ပြောသည်။

ကိုပါကြီးသေဆုံးမှုနှင့်ပတ် သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ် ပြီး အစီရင်ခံစာရေးသားတင်ပြရန် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

ကိုပါကြီးအတွက် ရည်စူးဆွမ်းကပ်စဉ် ဒေါ်သန္တာ ရှင်းလင်းပြောကြားနေခိုက် (ဓာတ်ပုံ − နစ်ကီ)

7Day Daily , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment