Pages

Tuesday, November 25, 2014

ဇာတ်ကားပေါင်း ၂ဝဝ ကျော် ရိုက်ခဲ့ပြီးပြီ ဖြစ်တဲ့ ယွန်းယွန်း


RangonNewsDaily:: November . 24 .2014
သုံးနှစ်ခွဲ အရွယ် ကလေးဘဝ ကတည်းက ကလေး သရုပ်ဆောင် လုပ်ခဲ့ တဲ့ ယွန်းယွန်းက အခု ဆိုရင် ပြည်သူ ချစ်တဲ့ နာမည်ကြီး ကလေး သရုပ်ဆောင် ယွန်းယွန်း ဖြစ်နေ ပါပြီ။ ချစ်စရာဟန်ပန် အမူအရာလေးတွေ နဲ့ ပရိသတ်ရဲ့ အချစ်ကို ရ ရှိခဲ့တဲ့ ယွန်းယွန်းက အနုပညာ အလုပ်တွေ ကို တကယ် ချစ်မြတ် နိုးပြီး အကောင်း ဆုံးဖြစ်အောင် ကြိုးစားခဲ့ တယ်လို့ ဆိုပါတယ်။
“ညီမလေး ကလေး သရုပ်ဆောင်ဖြစ်တာ အတိအကျ ဆိုရင် သုံး နှစ်ခွဲအရွယ် ကတည်းက စပြီး လုပ်ခဲ့တာပါ။ ပထမဦးဆုံး “ပန်းဖြစ် ပေမယ့်” ဗီဒီယို ဇာတ်ကားလေး မှာ ညီမက ဦးကျော်ဟိန်းရဲ့ သမီး အငယ်ဆုံးလေး အဖြစ် သရုပ်ဆောင် ခဲ့ပါတယ်။

အဲဒီတုန်း ကတော့ ငယ်သေးတယ်။ ညီမကနှစ်ကား ဆက်တိုက်ရိုက် ဖြစ်သွားလို့ ဖျားသွား တယ် လို့ မေမေက ပြန်ပြောပြတယ်။ ဝါသနာ ကတော့ ကိုယ့်ကိုယ် ကိုယ် ဝါသနာ ပါမှန်း မသိခင် ကတည်းက ဝါသနာ ပါခဲ့တယ်။ အခု ဆိုရင် ဇာတ်ကားပေါင်း နှစ် ရာကျော် နီးပါးလောက် ရှိသွားပါပြီ။ ညီမက အပြင်က ဖြစ်တတ်တဲ့ နီးစပ်တဲ့ ကာရိုက်တာ မျိုးတွေ ရိုက်ခဲ့တယ်။ ပြောင်းလာတဲ့ အရွယ်နဲ့ လုပ်နေရတဲ့ ကာရိုက်တာတွေ နဲ့က အဆင်ပြေပါတယ်။ 

ညီမရဲ့ လက်ဦးဆရာတွေ ကတော့ အများကြီးပါပဲ။ ညီမက အတွေ့အကြုံ နည်းသေးတဲ့ အချိန်မှာ စပြီးလုပ်ခဲ့တာ ဆိုတော့ တကယ့် လက်ဦး ဆရာတွေ က အများကြီးပါပဲ။ တစ်ယောက်တည်း ပြောဖို့ ဆိုတာ ကတော့ ခက်ပါတယ်။ အားပေးတဲ့ ပရိသတ်ကြီး ကို လည်း ကျေးဇူးအများ ကြီး တင်ပါတယ်။ 

ညီမ သိတဲ့ ကလေး သရုပ်ဆောင်တွေ အများကြီးထဲ မှာလည်း သက်တမ်းရှည်တယ် လို့ ပြောရမယ်။ အဲဒီအတွက် အားပေးနေတဲ့ ပရိသတ်ကို ကျေးဇူး အများကြီးတင် ပါတယ် ။ပြောင်းလဲ လာတဲ့အပေါ် မှာလည်း ဝေဖန်ပေးကြပါ။ အားပေးကြပါလို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

တိမ်မင်း သမီးရဲ့ ဒဏ္ဍာရီ ရုပ်ရှင် ဇာတ်ကားနဲ့ အကောင်းဆုံး ဆုကို ရရှိခဲ့တဲ့ အတွက်လည်း တအားကို ပျော်ပြီး နောက်ပိုင်း မှာလည်း အခွင့် အရေး ရရင်ရသလို အနုပညာ အလုပ်တွေ ကို လုပ်ဆောင် သွားမှာ ပါလို့ ယွန်းယွန်း ကဆိုပါတယ်။ “ညီမဘဝ အတွက် ကိုယ်တိုင် ကြုံ တွေ့ရတာရော ၊မြင်ဖူးတာရော ပထမဆုံး အတွေ့အကြုံပါ။ 


ညီမ ရှေ့မှာ ရဖူးတဲ့ ကလေး သရုပ်ဆောင်တွေလည်း အများကြီး ရှိခဲ့ပေ မယ့် မမြင်ဖူးခဲ့ ဘူးလေ။ ပထမဦးဆုံး အတွေ့အကြုံ ကိုယ့်အနေ နဲ့ ရတယ်၊ မြင်ဖူးတယ် ဆိုတော့ ဆုရတုန်းက နှစ်ဆလောက် ရင်ခုန် ပါတယ်။ တခြားကလေး သရုပ်ဆောင်တွေ လိုပါပဲ။ 

ညီမလည်း ကျောင်းတစ်ဖက် နဲ့ဆိုတော့ရတဲ့ အချိန်လေး မှာ အားစိုက်ပြီး လုပ်ရ ပါတယ်။ စိတ်နှစ်ပြီးတော့ လုပ်တယ်။ ကိုယ် မလုပ်ဖူးတဲ့ အနုပညာ အားလုံးက အခက်အခဲ ရှိတာပဲလေ။ ဒါပေမဲ့ အဲဒီလိုမျိုး လုပ်ရတာ ကို ပိုပြီးတော့ စိတ်ဝင်စားတယ် ။ညီမ က အခုအချိန်ထိ ပညာရေး ကိုလည်း မလစ်ဟင်းဘဲနဲ့ ညီမ တအား ဝါသနာပါတဲ့ အနုပညာ အလုပ် ကိုလည်း လုပ်နေပါတယ်။

ညီမက အနုပညာ ကိုလည်း ဝါသနာ ပါသွားပြီ ဆိုတော့ အခွင့်အရေး ရရင် ရသလို လုပ်ဖြစ်သွား မှာပါ”လို့ ယွန်းယွန်းက သူ့ရဲ့ရှေ့ဆက်မယ့် အနုပညာခရီးနဲ့ ပတ် သက်ပြီး ပြောပြပါတယ်။

ဓာတ်ပုံ- အောင်ဇော်မင်း
Popular Journal , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment