Pages

Tuesday, November 25, 2014

သီရိမင်္ဂလာဈေးသစ်အတွင်း အုပ်စုဖွဲ့ကာ ဒုစရိုက်မှုများ ကျူးလွန်နေသည့် လူမိုက်အဖွဲ့များကို ၀င်ရောက်ဖမ်းဆီးခဲ့ရာ ၁၁ ဦး ဖမ်းဆီးရမိ


RangonNewsDaily:: November . 25 .2014
ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးသစ် (ပိတောက်ချောင်း)အတွင်း အုပ်စုဖွဲ့ကာ ဒုစရိုက်မှုများ ကျူးလွန်နေသည့် လူမိုက်အဖွဲ့များအား ရဲတပ်ဖွဲ့အင်အား ၃၀၀ ကျော်ဖြင့် နိုဝင်ဘာ ၂၃ ရက်ညပိုင်းတွင် ၀င်ရောက်ပိတ်ဆို့ စစ်ဆေးဖမ်းဆီးခဲ့ရာ ၁၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးတစ်ဦးက နိုဝင်ဘာ ၂၃ ရက် ညပိုင်းတွင် ပြောကြားသည်။
သီရိမင်္ဂလာဈေးသစ်အတွင်း ခြောက်လှန့်ငွေတောင်းခြင်း၊ ဓားကိုင်ခြိမ်းခြောက်ခြင်းနှင့် အခြားဒုစရိုက်မှုများကို လုပ်ကိုင်နေသည့် လူမိုက်အဖွဲ့နှစ်ဖွဲ့ရှိပြီး ၎င်းအဖွဲ့နှစ်ဖွဲ့မှ ဇော်လင်းထွန်း(ခ)ချမ်းထူး၊ ၀င်ဦး(ခ)၀င်းထွဋ်၊ ဇော်ဇော်၊ နေလင်း၊ ကျော်လင်းဦး၊ အောင်ပိုင်၊ ရန်နိုင်၊ မင်းမင်း၊ ကျော်အေး၊ မျိုးသူရနှင့် စိုးဝင်းတို့အား စီမံချက်ဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ဒီလူမိုက်တွေအကုန်လုံး ဘယ်မှပြေးလို့မရအောင် ဖမ်းဆီးသွားမယ်။ သူတို့ရှိမယ့် နေရာတွေကို သိရင်လည်း သတင်းပေးပါ။ ဒီလူမိုက်တွေက ခြောက်လှန့်ငွေတောင်းနေတာတွေ အများကြီးရှိတယ်။ တကယ်တမ်းကြတော့ ပေးလိုက်ရတဲ့သူတွေကို စစ်ဆေးလိုက်တဲ့အခါမှာ ကြောက်နေတဲ့အတွက် မပေးရဘူးလို့ ထွက်ဆိုကြတယ်။
::
အဲဒီလူမိုက်တွေကို စီမံချက်ချပြီးတော့ စတင်ဖမ်းဆီးနေပါတယ်။ အခု လူမိုက်နှစ်ဖွဲ့ထဲက ၁၁ ဦးကို ဖမ်းဆီးလိုက်ပါပြီ” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးက နိုဝင်ဘာ ၂၃ ရက် ညပိုင်းက ပြောကြားသည်။ နိုဝင်ဘာ ၁ ရက်မှ ၂၃ ရက်အထိ သီရိမင်္ဂလာဈေးသစ်အတွင်း ယစ်မျိုးမှုခြောက်မှု၊ ပြည့်တန်ဆာမှုနှစ်မှု၊ လက်နက်မှုတစ်မှု၊ ရဲအက်မှုကိုးမှုနှင့် ခြေချုပ်တစ်မှုတို့ ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ လူမိုက်နှစ်ဖွဲ့မှာ သီရိမင်္ဂလာဈေးသစ်အတွင်း ဈေးသူ၊ ဈေးသားများ၊ ပျံကျဈေးသည်များ၊ ဈေးလာရောက်ဝယ်များနှင့် ယာဉ်မောင်းများထံမှ ခိုး၊ ဆိုး၊ လု၊ နှိုက် ဒုစရိုက်မှုများကို ပြုလုပ်နေကြောင်း သိရသည်။
::
“ခြောက်လှန့်ပြီး ငွေတောင်းနေတယ်ဆိုတာကို မပြောရဲဘူး။ သူတို့က အရေးယူခံရပြီး ပြန်လွတ်လာရင်လည်း ဒီနေရာမှာပဲ ပြန်ပြီးတော့ ကျင်လည်ကျက်စားတဲ့အတွက် ကျွန်တော်တို့ကို တစ်ခုခုပြန်လုပ်ခံရမှာစိုးလို့ မပြောရဲတာပါ” ဟု ဈေးသည်တစ်ဦးက ဆိုသည်။

EMG ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment