Pages

Tuesday, November 25, 2014

တရားမဝင်လုပ်သားများကို ဒီဇင်ဘာ ၃၁ ရက်အလွန် ဖမ်းမိလျှင်ထောင်သုံးလနှင့် ကြိမ်ဒဏ်တစ်ချက်ချမည်ဟုဆို

RangonNewsDaily:: November . 25 .2014
မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်သော မြန်မာ နိုင်ငံသားများ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြန်ခြင်းမရှိ ၍ ဖမ်းဆီးခံရပါက (3+1)စီမံ ချက်အရ ထောင်သုံးလနှင့် ကြိမ် ဒဏ်တစ်ချက်ချမှတ်ခံရမည်ဟု မလေးရှားအစိုးရက ကြေညာ လိုက်ကြောင်း မလေးရှားနိုင်ငံ ရောက် မြန်မာလုပ်သားများက ပြောသည်။
မလေးရှားနိုင်ငံ လူဝင်မှုကြီး ကြပ်ရေးဌာန၏ အသစ်ရောက်ရှိ လာသော ညွှန်ကြားရေးမှူးက နိုင်ငံအတွင်း တရားမဝင်နေထိုင် သော နိုင်ငံခြားသား များပြားနေ ခြင်း၊ ၎င်းတို့က ပြစ်မှုဆိုင်ရာ မှုခင်း များ များပြားနေခြင်းတို့ကြောင့် (3+1)စီမံချက်အရ ရှင်းလင်း ဆောင်ရွက်သွားမည်ဟု နိုဝင်ဘာ ၂၀ ရက်တွင် ကြေညာထားသည်။

မလေးရှားနိုင်ငံတွင် တရား မဝင်နေထိုင်သော မြန်မာနိုင်ငံ သားများအပါအဝင် နိုင်ငံခြား သားများအား ဒီဇင်ဘာ ၁ ရက် နောက်ဆုံးထား၍ မိမိနိုင်ငံသို့ပြန် ခြင်းမရှိပါက ထောင်သုံးလနှင့် ကြိမ်ဒဏ်တစ်ချက်ချမှတ်ခံရမည် ဟု နိုဝင်ဘာ ၂၁ ရက်တွင် မလေး ရှားအစိုးရက ထပ်မံကြေညာ လိုက်ခြင်းဖြစ်သည်။

‘‘ဒီတစ်ခါတော့ မလေးရှား အစိုးရက အပီအပြင်ကြေညာ ထားတယ်။ တရားမဝင်နေတဲ့သူ တွေအားလုံးကို ပြန်ပို့မယ်လို့ပြော ထားတာ။ တကယ်လို့ မပြန်လို့ အဖမ်းခံရရင် ထောင်သုံးလနဲ့ ကြိမ်ဒဏ်တစ်ချက်ချခံရမယ်လို့ ထပ်ပြီးကြေညာထားတာ။ တရား မဝင်နေတဲ့ မြန်မာလုပ်သားတွေ ဒီတစ်ခါတော့ သေချာဂရုစိုက် စေချင်တယ်။ အဖမ်းခံရရင် မြန်မာသံရုံးကို အကူအညီတောင်းလို့ လည်းမရဘူး။ ကိုယ်ဖြစ်ကိုယ်ခံ ရမှာပဲ’’ဟု မလေးရှားရောက် မြန်မာလုပ်သားများအား ကူညီ ပေးနေသူ ကိုမျိုးညွန့်က ပြော သည်။

မလေးရှားနိုင်ငံတွင် ယခုနှစ် အတွင်း တရားမဝင်နေထိုင်သူ များကို ဖမ်းဆီးမှုများပြုလုပ်ရာ ၁၄ ရာခိုင်နှုန်းအထိ ဖမ်းဆီးမိထား ပြီး အဆိုပါဖမ်းဆီးမှုအတွက် မလေးရှားရင်းဂစ် ၂၂ ဒသမ ၈၇၅ မီလီယံအထိ အသုံးပြုခဲ့ကြောင်း The Star သတင်းဌာနက ဖော်ပြ ထားသည်။

မလေးရှားနိုင်ငံတွင် တရား မဝင်နေထိုင်သော မြန်မာနိုင်ငံ သားများအပါအဝင် နိုင်ငံခြား သားများကို မလေးရှားနိုင်ငံ လူဝင် မှုကြီးကြပ်ရေးဌာနက ဒီဇင်ဘာ ၃၁ ရက်နောက်ဆုံးထားပြန်ကြ ရန် ကြေညာလိုက်သောကြောင့် တရားမဝင်နေထိုင်သော မြန်မာ လုပ်သားတစ်သိန်းကျော်မှာ ပြန် လာရဖွယ်ရှိနေခြင်းဖြစ်သည်။

မလေးရှားနိုင်ငံရှိ တရား မဝင်မြန်မာလုပ်သားတစ်သိန်း ကျော်ကို ခြောက်လခန့်ဆက် လက်လက်ခံထားပေးရန် မလေး ရှားအစိုးရထံ မေတ္တာရပ်ခံစာပေး ပို့ထားကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က နိုဝင်ဘာ ၂၂ ရက် တွင် မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားထားသည်။

‘‘ကြိမ်ဒဏ်တွေပါ ပါလာ တော့ တရားမဝင်နေတဲ့ မြန်မာ လုပ်သားတွေအတွက် အရမ်း စိုးရိမ်ပါတယ်။ မလေးရှားမှာ မြန်မာတွေ အဖမ်းခံရတာ နေ့ တိုင်းလိုလိုဖြစ်နေပေမယ့် ဒီတစ် ခါက စီမံချက်နဲ့လုပ်တာ’’ဟု မလေးရှားနိုင်ငံ အိုမာစတေး ဖောင်ဒေးရှင်းမှ ဦးချစ်ကောင်းက ပြောသည်။

‘‘ဒီညွှန်ကြားရေးမှူးအသစ် က တရားမဝင်တွေအားလုံးကို ဖယ်ရှားမယ်လို့ ပြောလိုက်တယ်။ သူတို့နိုင်ငံက ဒီတရားမဝင်တွေ ကို အရင်ကတည်းက လက်ခံ ထားတာမဟုတ်ဘူး။ အခုလည်း လက်ခံမထားဘူး။ အခုတော့ အားလုံးပြန်ပို့မယ်လို့ပြောထား တယ်။ တရားမဝင် မြန်မာလုပ် သားတွေလည်း CI လျှောက်ပြီး ပြန်လို့ရပါတယ်’’ဟု မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားရေးရာ သံအရာရှိ ဦးမင်း မင်းဝင်းက ပြောသည်။

တရားမဝင်နေထိုင်သော မြန်မာလုပ်သားများ ပြန်မည်ဆိုပါ က မြန်မာသံရုံးတွင် နိုင်ငံသားဖြစ် ကြောင်း သက်သေခံလက်မှတ် (CI)ထုတ်၍ လူဝင်မှုကြီးကြပ်ရေး တွင် အထူးလျှောက်ထားခွင့် (Special Pass)အတွက် ရင်းဂစ် ၁၀၀ ပေးဆောင်ရမည်ဖြစ်ပြီး ၎င်းတို့ချိန်းဆိုသောနေ့တွင် လက် မှတ်ခ ရင်းဂစ် ၄၀၀ ပေးဆောင်ရ မည်ဖြစ်သည်။

မလေးရှားနိုင်ငံ ပီနန်မြို့ တစ်မြို့တည်းတွင် ၂၀၁၄ အတွင်း မြန်မာလုပ်သား ၂၀ ဦး အသတ်ခံရကြောင်း မလေးရှားအစိုးရက နိုဝင်ဘာ ၁၁ ရက်တွင် တရားဝင် ကြေညာခဲ့သည်။ ၂၀၁၃ အတွင်း က မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်သော နိုင်ငံခြားသား များကို ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်ရာ မြန်မာလုပ်သားတစ်ထောင်ကျော် ဖမ်းဆီးခံရပြီး၃,၀၀၀ ကျော် ပြန်ရောက်လာခဲ့သည်။

7Day , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment