Pages

Tuesday, November 25, 2014

အရာရှိလောင်းများ သေဆုံးမှုအတွက် ငြိမ်းချမ်းရေးစင်တာရှေ့တွင် လှုပ်ရှားမှုပြုလုပ်


RangonNewsDaily:: November . 25 .2014
တိုင်းရင်းသားလက်နက် ကိုင်အရာရှိလောင်းများအတွက် ၀မ်းနည်းကြောင်းနှင့် ငြိမ်းချမ်း ရေး ထိခိုက်စေသည့် ယင်းလုပ်ရပ်ကို ကန့်ကွက်ကြောင်း ပန်းခွေချလှုပ်ရှားမှုတစ်ခုကို မြန်မာ့ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူ ထောင်ရေးဗဟိုဌာန(MPC) ရှေ့ တွင် ပြုလုပ်ခဲ့သည်။
နိုဝင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီခန့်တွင် ငြိမ်းချမ်းရေးလို လားသူ ပြည်သူတစ်ရာနီးပါးက ပဒုမ္မာကွင်းအနီးစုဝေး၍ MPC သို့ လမ်းလျှောက်ချီတက်ခဲ့ရာ မြေနီ ကုန်းလမ်းဆုံနှင့် ရွှေလီလမ်းထိပ် တို့၌ သက်ဆိုင်ရာရဲတပ်ဖွဲ့တာဝန် ရှိသူအချို့က စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

ထို့နောက်သေဆုံးသွားသူ များအတွက် ၀မ်းနည်းကြောင်း ပန်းခွေချခြင်း၊ ဖယောင်းတိုင်မီး ထွန်းညှိဆုတောင်းခြင်းလှုပ်ရှားမှု များကို ပလောင်၊ ရခိုင်၊ ကချင်၊ ဗမာစသည့်တိုင်းရင်းသားများပါ ၀င်သော လူငယ်များက MPC ရှေ့၌ ပြုလုပ်ခဲ့ကြသည်။ ယင်း နောက် သံဃာတော်များက မေတ္တာပို့အမျှဝေကာ လူငယ်များက ‘‘မြန်မာပြည်ငြိမ်းချမ်းပါစေ’’ သီချင်းကို သံပြိုင်သီဆိုပြီး MPC ရှေ့မှ ပြန်လည်ထွက်ခွာခဲ့ကြသည်။

MPC အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကလည်း ခြံဝင်းထဲ မှနေ၍ လူငယ်များကို ငြိမ်းချမ်း ရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး လာ ရောက်ရှင်းလင်းပြောကြားမှု အချို့ပြုလုပ်ခဲ့သည်ကိုတွေ့ရသည်။

အဆိုပါလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ခဲ့သူ ဒေါ်အက်စတာ က ‘‘စစ်ပွဲဖြစ်တဲ့အချိန်မှာ သေကြ တယ်။ ဒါက ဟုတ်တယ်။ ဒါပေမဲ့ ခုအချိန်မှာ ရည်ရွယ်ချက်ရှိရှိလုပ် တယ်လို့ ကျွန်မတို့ပြည်သူတွေက ယုံတယ်။ အခုဖြစ်တာက ခါတိုင်း လိုမဟုတ်ဘူး။ အဲဒါက အားလုံးရဲ့ ရင်ထဲမှာရှိတယ်။ ဒါကြောင့်မို့ အားလုံးက တကယ့်ခံစားချက်နဲ့ ရောက်နေကြတာ။ ကျွန်မတို့ ဒီ ပန်းတွေဝယ်လာပြီး ဒီနေရာမှာ ဆုတောင်းကြတယ်။ ဒီပန်းတွေ ဟာ အားလုံးရဲ့ အမြင်မှာတော့ ပန်းတွေဖြစ်နေမှာပါ။ တကယ် တမ်းကျတော့ ဒီပန်းတွေဟာ ကျွန်မတို့ရဲ့ ၀မ်းနည်းပူဆွေးခြင်း တွေပါ’’ဟု ၎င်း၏ခံစားချက်ကို ပြောသည်။

နိုဝင်ဘာ ၁၉ ရက်တွင် အစိုးရတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ဆန်မှာ ကေအိုင်အေဗိုလ်လောင်းသင်တန်းကျောင်းအတွေင်း ကျရောက်ပေါက်ကွဲခဲ့ပြီး သင်တန်းတက်ရောက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လေးဖွဲ့မှ အရာရှိလောင်း ၂၃ ဦးသေဆုံးကာနည်းပြများ အပါအ၀င် ၂၀ ဦး ဒဏ်ရာရရှိခဲ့သည်

ပန်းစည်းများချ၍ ဆုတောင်းနေသည့် ရဟန်းရှင်လူပြည်သူအချို့(ဓာတ်ပုံ - ကျော်ဇင်သန်း)

7Day Daily , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment