Pages

Tuesday, November 25, 2014

ချစ်ရသူက ရည်းစားရှိတယ်ပြောလို့ ပထမဆုံးအကြိမ် ပုသိမ်ကြိုးတံတားပေါ်မှ ခုန်ချမှုဖြစ်ပွား


RangonNewsDaily:: November . 25 .2014
ပုသိမ်ကြိုးတံတားပေါ်မှ အဝေးသင်တက္ကသိုလ်စီးပွားရေး တတိယနှစ်ကျောင်းသားတစ်ဦး ရေထဲ ခုန်ချမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း ပုသိမ်အမှတ်(၂) ရဲစခန်းမှ သိရှိရသည်။
နိုဝင်ဘာလ(၂၂)ရက်နေ့ ညနေ(၆)နာရီ(၄၅)မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပေ (၁၀၀)ကျော် မြင့်သောပုသိမ်ကြိုးတံတားပေါ်မှ အဆိုပါကျောင်းသားမှာ ခုန်ချပြီးနောက် အသက် သေဆုံးခြင်းမရှိပဲ ပါတ်ဝန်းကျင်ရှိလူများကို အော်ဟစ်အကူအညီတောင်းရာမှ အနီးရှိ စက်ရုံဝန်ထမ်း (၃)ဦးမှ စက်လှေဖြင့်အသက်ရှင်လျှက် အချိန်မီဆယ်ယူလိုက်နိုင်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရှိရသည်။

“အပေါ်ကိုရောက်ပြီးတော့မှ ရဲတွေက မေးတော့ သူချစ်တဲ့ကောင်မလေးကို ကြိုးတံတားကို ခေါ်လာပြီး ချစ်ကြိုက်ကြောင်း ပြောတာကို ကောင်မလေးက သူ့ရွာမှာ ရည်းစားရှိတဲ့ အကြောင်းပြောတော့ ငါ့ကို မလိုအပ်တော့ဘူးပေါ့လို့ ပြောပြီး ခုန်ချတာလို့ ပြောတယ်”ဟု အဆိုပါဖြစ်ရပ်ကို မျက်မြင်တွေ့ရှိခဲ့သူ ပုသိမ်မြို့ကမ်းနီဖျားကျေးရွာမှ ဦးသန်းနိုင်က ပြောသည်။

ခုန်ချခဲ့သူအသက်(၂၀)နှစ်အရွယ်ရှိ ကျောင်းသားမှာအိမ်မဲမြို့၊အုန်းပင်စုကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ပုသိမ်တက္ကသိုလ်စီးပွါးရေး တတိယနှစ်ကျောင်းသားတစ်ဦးဖြစ်ကာ ထိုသို့မခုန်ချမီ ရည်းစား စကား ပြောသူ ကောင်မလေးနှင့်အခြားသူငယ်ချင်းမိန်းကလေးတစ်ဦးနှင့်အတူ ပုသိမ်မြို့ တဲကြီးကုန်း ရပ်ကွက်ရှိ ခေါင်ရည်ဆိုင်တွင် ခေါင်ရည်သောက်ခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း ပုသိမ်မြို့ အမှတ် (၂)ရဲစခန်းမှ သိရှိရသည်။

“မှတ်တမ်းမှတ်ရာတွေနဲ့ ပြောဆို ဆုံးမတာတွေတော့ ရှိပါတယ်၊ ဒါပေမယ့် စာမေးပွဲဖြေဆိုနေတဲ့ ကျောင်းသားလေးတစ်ယောက်ဖြစ်နေတော့ ပုသိမ်တက္ကသိုလ် အဝေးသင်ဌာနခွဲ မော်ကွန်းထိန်းဆီ ပြန်ပြီး အပ်နှံခဲ့ပါတယ်”ဟု ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးကျော်စိုးက ပြောသည်။

ပုသိမ်ကြိုးတံတားမှာပုသိမ်မြို့နှင့် အနောက်ဘက်ကမ်းခြေဒေသများဖြစ်သည့် ချောင်းသာ၊ငွေဆောင်၊ သာပေါင်းအစရှိသည့်ဒေသများနှင့်ဆက်သွယ်ထားသည့်တံတားတစ်စင်းဖြစ်ပြီး ၄င်းတံတားပေါ်မှ လူခုန်ချမှုမှာ ယခုပထမဆုံးအကြိမ်ဖြစ်သည်ဟု ဒေသခံအချို့က ဆိုသည်။

myitmakhamedia, KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment