Pages

Sunday, October 5, 2014

အော်ရီဒူးမှ မည်သည့်ကွန်ရက်ကိုမဆို စာတို (SMS) ပို့ခ တစ်စောင်လျှင် ၁၅ ကျပ်သာ ကောက်ခံသွားမည်

RangonNewsDaily:: October . 5 .2014
အော် ရီဒူး(မြန်မာ)မှ မည်သည့်ကွန်ရက် ကိုမဆို စာတို (SMS) ပို့ခတစ်စောင် လျှင် ၁၅ကျပ်သာ ကောက်ခံသွား မည်ဖြစ်ကြောင်း သိရသည်။
ယင်းစာတိုပို့ခကို ယခင်က၂၅ ကျပ်ကောက်ခံရာမှ ယခု ၁၅ကျပ် သို့ လျှော့ချကောက်ခံခြင်းဖြစ်ကြောင်း အော်ရီဒူး(မြန်မာ)မှ သတင်းထုတ် ပြန်ချက်အရ သိရသည်။

အော်ရီဒူး(မြန်မာ)မှ လူမှု ဆက်ဆံရေးနှင့် ပြန်ကြားရေးမန်နေ ဂျာ ဒေါ်သီရိကြာညိုက ''အောက် တိုဘာ၃ရက်ကစပြီး SMS တစ်စောင် ကို ၁၅ကျပ်နဲ့ ပို့နိုင်မှာပါ၊ ဒီလိုဈေး နှုန်းပြင်ဆင်သတ်မှတ်လိုက်တဲ့အ တွက် ဈေးသက်သာစွာ သုံးနိုင်မယ် လို့ထင်ပါတယ်''ဟု ပြောကြားခဲ့ သည်။

ယင်းအပြင် အော်ရီဒူးမှ ဝန် ဆောင်မှုအသစ်ဖြစ်သည့် Voice SMS (အသံဖိုင်ဖြင့် စာတိုပို့ခြင်း) ကိုလည်း အသုံးပြုနိုင်ရန် ဆောင် ရွက်ထားပြီး စက္ကန့် ၂ဝကြာ အသံဖိုင် တစ်ခု ကျပ်၂ဝနှုန်းကျသင့်မည်ဖြစ် ကြောင်းသိရသည်။

ဒေါ်သီရိကြာညိုက ဆက်လက် ၍ ''ခေါ်ဆိုမယ့်နံပါတ်ရှေ့မှာ * သ င်္ကေတရိုက်ပြီး SMS ပို့နိုင်တဲ့ Service အသစ်ဖြစ်ပါတယ်''ဟု ပြော သည်။

အော်ရီဒူးမှ အင်တာနက်အ သုံးပြုခနှုန်းများ ဈေးမြင့်နေ၍ ယ ခင် 1MB လျှင် ၂၅ကျပ်ကောက်ခံခဲ့ ရာ မှ ၁ဝကျပ်ဖြင့် သြဂုတ်၃၁ရက် မှစတင်ကာ လျှော့ချ၍ပြောင်းလဲ ပေးခဲ့သည်။

အော်ရီဒူး(မြန်မာ)ကွန်ရက် လွှမ်းခြုံနိုင်သည့် အရေအတွက်မှာ ၁၂ ဒသမ ၃ သန်းရှိသည်ဟု ထုတ် ပြန်ကြေညာထားသည်။


KOLATT(PBDN)

RangonNewsDaily


0 comments:

Post a Comment