Pages

Sunday, October 5, 2014

မိုးကြိုးပစ်ခံရသည့် တယ်လီဖုန်းတာဝါတိုင်ဖယ်ရှားပေးရေး ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားမှု ညှိနှိုင်းဖြေရှင်းသဖြင့် ပြေလည်မှုရရှိ

RangonNewsDaily:: October . 5 .2014
စစ် ကိုင်းမြို့ စိန်ကုန်းရပ်၌ ဆက်သွယ် ရေးကုမ္ပဏီတစ်ခုမှ စိုက်ထူထား သည့် တယ်လီဖုန်းတာဝါတိုင်ကို စက်တင်ဘာ ၁၄ရက် နံနက် ၅နာ ရီဝန်းကျင်က မိုးကြိုးပစ်ခဲ့မှုကြောင့် အနီးအနားနေ ပြည်သူများမှ အဆို ပါတာဝါတိုင်အား ပြောင်းရွှေ့စိုက် ထူပေးရန် ဆန္ဒထုတ်ဖော်မည့်ကိစ္စ ရပ်အား မြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ ခွင့်ပြုချက်တောင်းခံခဲ့ရာ အောက် တိုဘာ ၂ရက်က သက်ဆိုင်ရာဆက် သွယ်ရေးကုမ္ပဏီမှ လာရောက်ညှိ နှိုင်းဖြေရှင်းပေးမှုနှင့်အတူ ဝန်ခံက တိလက်မှတ်ရေးထိုးပေးခဲ့သဖြင့် ဒေ သခံပြည်သူများနှင့် ပြေလည်မှုရရှိ သွားကြောင်း သိရသည်။
''အော်ရီဒူးက စိုက်တဲ့တိုင်ပါ။ မိုးကြိုးပစ်ခံရချိန်က မီးပွားတွေ သုံး ကြိမ်လောက် လွင့်စဉ်တာကြောင့် အနီးဝန်းကျင်ကအိမ်တွေ မိုးရွာထဲ ထွက်ပြေးကြရတယ်။ ဒီတိုင်ကြီးရှိ နေရင် နောင်မှာ ဒုက္ခရောက်မှာစိုး တာကြောင့် ကျွန်တော် ဦးဆောင်ပြီး အောက်တိုဘာ ၅ရက်မှာ ဆန္ဒထုတ် ဖော်ဖို့ မြို့နယ်ရဲတပ်ဖွဲ့မှူးဆီ ကို စက် တင်ဘာ ၃ဝရက်က ခွင့်ပြုချက်စာ တင်ခဲ့တယ်။ မြို့နယ်ရဲမှူးက ကျွန် တော်တို့တောင်းတဲ့ ခွင့်ပြုချက်မရ ခင် ကြိုတင်ညှိနှိုင်းမယ်ပြောလို့ ညှိ နှိုင်းခဲ့ပါတယ်'' ဟု တာဝါတိုင်အနီး နေထိုင်သူ ဦးကျော်ဝင်းကပြော သည်။

အောက်တိုဘာ ၂ရက်က မြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး စည်းဝေးခန်းမတွင် မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်ဇော်ထက်၊ မြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လျှပ် စစ်ဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း၊ မြို့နယ်အထောက်အကူပြု အဖွဲ့တို့ပါဝင်သော အဖွဲ့ရှေ့၌ အော် ရီဒူးကုမ္ပဏီမှ တည်ဆောက်ရေးတာ ဝန်ရှိသူများနှင့် စိန်ကုန်းတိုက်နယ် သာစည်ရပ်ကွက်မှ တာဝါတိုင်အနီး နေထိုင်သူ မိသားစုဝင် ၂ဝကျော်တို့ တွေ့ဆုံညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ခဲ့ ကြသည်။

''ဒေသခံတွေနဲ့ ကုမ္ပဏီတာဝန် ရှိသူတွေညှိတဲ့အခါ ကုမ္ပဏီဘက်က မိုးကြိုးလွှဲစနစ်မှန်ကန်မှု ရှိ၊ မရှိ EISI စစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေး ပေးမယ်။ အကြောင်းကိစ္စတစ်ခုခု ကြောင့် တာဝါတိုင်ယိမ်းယိုင်မှုရှိ တယ်ဆိုရင် နောင်ဒီနေရာမှာ ဆက် မရှိဖို့ တာဝန်ယူတယ်။ 


ဒီလ ၂၅ရက် ကစပြီး လျှပ်စစ်မီးကို ကိုယ့်စက်နဲ့ ကိုယ်မသုံးဘဲ EPC ကပေးတဲ့ လျှပ် စစ်ဓာတ်အားပဲသုံးဖို့ တာဝန်ယူတယ်။ အဲဒါတွေကို အများရှေ့မှာပဲ ဝန်ခံ ကတိလက်မှတ် ရေးထိုးပေးသွား တယ်''ဟု ဦးကျော်ဝင်းကပြောသည်။

တာဝါတိုင် မိုးကြိုးပစ်ခံရမှု ကြောင့် အနီးဝန်းကျင်ရှိ နေအိမ် များမှ ပျက်စီးသွားသော ရေမော် တာ၊ မီးချောင်း၊ မီးသီးနှင့် တီဗွီများ အတွက် လျော်ကြေး(သို့)ပစ္စည်းပေး မည်ဖြစ်ကြောင်း သိရသည်။


နှစ်ဦးနှစ်ဖက် ညှိနှိုင်း၍ ပြေ လည်မှုရရှိသဖြင့် ဆန္ဒထုတ်ဖော်ရန် တင်ထားသည့်စာကို ရုပ်သိမ်းပေးပါ ရန် ပြောကြားသဖြင့် ဆန္ဒထုတ်ဖော် စာ ဦးဆောင်တင်သွင်းသူ ဦးကျော် ဝင်းမှ ညှိနှိုင်းဆွေးနွေးပွဲအပြီးတွင် လက်မှတ်ရေးထိုးရုပ်သိမ်းစာတင် သွင်းခဲ့ကြောင်း သိရသည်။

Democracytoday, 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment