Pages

Sunday, October 5, 2014

Mercedesက B-Classရဲ့ ရုပ်ထွက်ပိုင်းကို ပြင်ဆင်ပြောင်းလဲ


RangonNewsDaily:: October . 5 .2014
ဂျာမနီ အခြေစိုက် Mercedes-Benzကတော့ သူ့ရဲ့ အောင်မြင်တဲ့ မော်ဒယ် တစ်ခု ဖြစ်တဲ့ B-Classရဲ့ ရုပ်ထွက်ပိုင်းကို အနည်းငယ် ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်ဆောင်ပြီးတဲ့ နောက်မှာတော့ အခုအခါ ပွဲထုတ်ပြသလာခဲ့ပြီ ဖြစ်ပါတယ်။
ဒါ့အပြင် အင်ဂျင်ပိုင်းမှာလည်း အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်ထားတာ တွေ့ရပြီး Driveစနစ်သစ် နှစ်မျိုးလည်း ထည့်သွင်းထားတာ တွေ့ရပါတယ်။ အဆိုပါ Driveစနစ်သစ် နှစ်မျိုးကတော့ မော်ဒယ်သစ်ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး စနစ်သစ်တွေ ဖြစ်ပြီးတော့ Driveစနစ်သစ်တွေကိုတော့ B200 Natural Gas Driveနဲ့ B-Class Electric Driveတွေ ဖြစ်ပါတယ်။

ဒါဟာ ပုံမှန် ထုတ်နေကျ ဓါတ်ဆီနဲ့ ဒီဇယ်ဆီ အင်ဂျင်စနစ်တွေကို အဆင့်မြှင့်ပြီး စွမ်းအင် ရယူမှု ပုံစံ အသစ်နဲ့ ထုတ်လုပ်လာတာလည်း ဖြစ်ပါတယ်။ Natural Gasမော်ဒယ်မှာတော့ ၂.၀လီတာသုံး လေးလုံးထိုး အင်ဂျင်ကို တပ်ဆင်ထားမှာ ဖြစ်ပြီး မြင်းကောင်ရေ ၁၅၆ကောင်အားထိအောင် ထုတ်ပေးနိုင်မှာ ဖြစ်ကာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကတော့ တစ်ကီလိုမီတာအတွက် ၁၁၇ဂ၇မ်ထိအောင် ရှိမှာ ဖြစ်ပါတယ်။ 

Electric Driveမော်ဒယ်မှာတော့ စွမ်းအင် ပင်မစနစ်အတွက် Lithium-ionဘက်ထရီကို ထည့်သွင်းတပ်ဆင်ထားတာ တွေ့ရပြီး မြင်းကောင်ရေ ၁၈၀အားထိအောင် ထုတ်လုပ်ပေးနိုင်မယ့် အင်ဂျင်စနစ် ဖြစ်ကာ အားအပြည့်သွင်းထားမယ်ဆိုရင် ခရီး၆၂မိုင် ထိအောင် မောင်းနှင်နိုင်မှာလည်း ဖြစ်ပါတယ်။

 ရှေ့မီးကြီးတွေကတော့ နောက်ပိုင်းမှာ အသုံးများလာတဲ့ LEDစနစ်နဲ့ ဖြစ်ပြီး ရုပ်ထွက်ပိုင်းမှာလည်း ရှေ့ဖက် အင်ဂျင် လေ၀င်ပေါက်တွေကို ပုံမှန်ထက် အနည်းငယ် ပိုမို ကျယ်ဝန်းအောင် ဖန်တီးထားမှာ ဖြစ်သလို ရုပ်ထွက်ပိုင်းလည်း အနည်းငယ် ပြောင်းလဲထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ 

လက်ရှိမှာတော့ အဆိုပါ အဆင့်မြှင့်ထားတဲ့ B-Classရဲ့ ဈေးကွက်တင်မယ့် ရက်နဲ့ ဈေးနှုန်းကို မကြေညာသေးပဲ လာမယ့် နိုဝင်ဘာ ၂၉ရက်မှာ ကျင်းပမယ့် Paris Motor Showမှာ ထည့်သွင်းပြသသွားမယ်လို့ သိရပါတယ်။ 

လင်းလင်း (IA) , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment