Pages

Sunday, October 5, 2014

Rovio ကထုတ်လုပ်ထားသည့် အောက်တိုဘာလအတွက် အကောင်းဆုံးသောဂိမ်းအသစ် Angry Birds Transformers


RangonNewsDaily:: October . 5 .2014
Rovio ကထုတ်လုပ်ထားသည့် အောက်တိုဘာလအတွက် အကောင်းဆုံးသောဂိမ်းအသစ် တစ်ခုအဖြစ် Angry Birds Transformers ကချိတ်ဆွဲသွားခဲ့သည်။ Angry Birds Transformers ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ရက်နေ့က iOS အတွက်ထွက်ရှိခဲ့ပြီး Android တွင် လာမည့် ၃၀ရက်နေ့၌ ထွက်ရှိလာမည်ဖြစ်သည်။
အရင် Angry Birds ဂိမ်းတွေနှင့် မတူညီသည့်အချက်ကတော့ ဂိမ်းထဲမှာပါဝင်သည့် Angry Birds ၏ ဒီဇိုင်းပုံစံဖြစ်ပြီး Angry Birds Transformers တွင် Angry Birds ၏ ပုံစံက စက်ရုပ်ပုံစံဖြစ်တာကြောင့် လူကြိုက်များခဲ့ခြင်းဖြစ်သည်။


ယင်းဂိမ်းကို ပြီးခဲ့သည့် ဇွန်လကတည်းက စတင် လုပ်ဆောင်ခဲ့ပြီး သတ်မှတ်ထားသည့်နေ့ရက်တွင် အပြီးအစီးလုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ ဂိမ်းထဲတွင် Player များသည် Autobirds များကို မိမိစိတ်ကြိုက်ရွေးချယ်နိုင်မှာဖြစ်ပြီး ထူးခြားတာက Angry Birds Transformers တွင်ပါဝင်သည့် ဇာတ် ကောင်များတွင် Telepods အမည်ရှိနည်းပညာတစ်ခုကို သုံးနိုင်အောင် ဖြည့်စွက်ပေးထားသည်။ 


Rovio Chief Marketing Officer ဖြစ်သူ Blanca Juti က “ ကျွန်တော်တို့ရဲ့ဂိမ်းကို အမြဲတမ်းအားပေးနေတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ အခုထွက်ရှိလာတဲ့ ဂိမ်းကိုလည်း ဆက်လက်ပြီး အားပေးကြပါ” ဟု ပြောဆိုခဲ့သည်။ 

Angry Birds Transformers ကို ယခင်က အောင်မြင်ခဲ့သည့် Angry Birds Epic တွင်ပါဝင်သော ဒီဇိုင်းပုံစံ , လက်နက် , Magic တို့ကို ဖြည့်စွက်ပေးထားသည်။

Ref : PC Magazine , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment