Pages

Sunday, October 5, 2014

မုန်တိုင်းဧရိယာ မိုင်၃၀၀အကျယ်ရှိ မဟာတိုင်ဖွန်း ဂျပန်ရင်ဆိုင်ရဖွယ်ရှိ

RangonNewsDaily:: October . 5 .2014
တစ်နာရီလျှင် လေတိုက်နှုန်း မိုင် ၁၅၀ အထိရှိသော မဟာတိုင်ဖွန်းမုန်တိုင်း
တစ်လုံး ဂျပန်နိုင်ငံသို့ ၀င်ရောက်တိုက်ခတ်နိုင်ဖွယ်ရှိရာ မြေပြိုမှုများနှင့် ရုတ်တရက်
ရေလွှမ်းမိုးမှုများ ပေါ်ပေါက်မည့်အရေး စိုးရိမ်ရကြောင်း အောက်တိုဘာ ၃ ရက်
သတင်းများ၌ ဖော်ပြသည်။
ဖန်ဖုန်းအမည်ရှိ အဆိုပါ တိုင်ဖွန်း မုန်တိုင်းသည် ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်း
ရွေ့လျားနေစဉ် တဖြည်းဖြည်း အင် အားကောင်းလာခဲ့ရာ ပြင်းအား အဆင့်-၃ တိုင်ဖွန်း
မှသည် ပြင်းအားအဆင့်-၄ တိုင်ဖွန်းအဖြစ် ပြောင်းလဲလာပြီဖြစ်ကြောင်း သိရသည်။


မုန်တိုင်းဧရိယာမိုင် ၃၀၀ အ၀န်းအ၀ိုင်းရှိသော ဖန်ဖုန်းတိုင်ဖွန်းသည် ဂျပန်
နိုင်ငံတွင်းသို့ အောက်တိုဘာ ၅ ရက်တွင် ၀င်ရောက်တိုက်ခတ်ဖွယ်ရှိကြောင်း မိုးလေ
ဝသပညာရှင်များက ခန့်မှန်းထားသည်။

လက်ရှိ ခန့်မှန်းချက်များအရ ဖန်ဖုန်းတိုင်ဖွန်းမုန်တိုင်းသည် အောက်တိုဘာ
၎ ရက်အရောက်တွင် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၅၀ အထိရှိလာမည်ဖြစ်
ကြောင်း သိရသည်။

သို့ရာတွင် တစ်နာရီမိုင် ၁၅၀ ရှိ လေပြင်းဒဏ်ကို ဂျပန်နိုင်ငံကမ်းလွန်ရေပြင်
အတွင်း၌သာ တွေ့ကြုံရင်ဆိုင်ရမည်ဖြစ်ပြီး ကုန်းတွင်းပိုင်းဒေသများ၌ မိုးအကြီး
အကျယ် ရွာသွန်းမည်ဖြစ် ကြောင်း မိုးလေ၀သပညာရှင်များက တွက်ချက်ထားသည်။


ဖန်ဖုန်းတိုင်ဖွန်းမုန်တိုင်းသည် ဂျပန်နိုင်ငံတောင်ပိုင်း ကျွန်းစုဒေသသို့
အောက်တိုဘာ ၅ ရက်တွင် ကုန်းတွင်းဝင်၍ ဂျပန်ပြည်မကြီးကို အောက်တိုဘာ
၆ ရက်တွင် မွှေနှောက်တိုက်ခတ်ဖွယ်ရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။

စကိုင်းနယူးစ် , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment