Pages

Friday, October 10, 2014

တရုတ်နိုင်ငံယူနန်ပြည်နယ် ငလျင်ကြောင့် လူတစ်သိန်းကျော်ကို နေရာရွေ့ပြောင်းပေးထား

RangonNewsDaily:: October . 9 .2014
တရုတ်နိုင်ငံအနောက်တောင်ပိုင်း တောင်ထူထပ်သောယူနန်ပြည်နယ်တွင် အောက်တိုဘာ၇ရက် ညပိုင်းက ပြင်းအား ၆ဒသမ ၀ ရစ်ခ်ျစတာစကေးရှိ အင်အားပြင် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒဆိုင်ရာ လေ့လာဆန်းစစ်မှုအဖွဲ့က ပြောကြားသည်။
အဆိုပါ ငလျင်ကြောင့် လူတစ်သိန်းကျော်ကို နေရာရွှေ့ပြောင်းပေးထားရသည်။
ယူနန်ငလျင်ကြောင့် တစ်ဦးသေဆုံးပြီး လူတစ်သိန်းကျော်ကို နေရာရွှေ့ပြောင်းပေးထားရသည်။
ငလျင်သည် မြန်မာ၊ လာအိုနိုင်ငံတို့နှင့် ထိစပ်နေသော တရုတ်နိုင်ငံနယ်စပ်ဒေသတွင် ဒေသ စံတော်ချိန် ည ၉နာရီ ၄၉မိနစ်အ ချိန် မြေအောက်အနက် ၁၀ကီလိုမီတာ၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။


ငလျင်လှုပ်ခတ်မှုကြောင့် တစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြား၃၀၀ ဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့် ၎င်းတို့အနက် ရှစ်ဦးမှာ စိုးရိမ် ရသောအခြေနေတွင်ရှိပြီး လူနေအိမ်ထောင်ပေါင်းများစွာ ပျက်စီးခဲ့ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနကပြောကြားသည်။
::
"လူနေအိမ်အများအပြား ပြိုကျပျက်စီးခဲ့ပါတယ်။ ထိခိုက်ပျက်စီးမှုများကို ကျွန်တော်တို့စုံစမ်းစစ်ဆေးသွားမှာပါ။ ငလျင်လှုပ်ခတ်မှုက တောက်လျှောက်လှုပ်ခတ်ခဲ့ပုံရတယ်။ပြည်နယ်ဆိုင်ရာ အရာရှိများက ထိပ်တန်းအဆင့် အရေးပေါ်ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။

လူတွေကို ကယ်ဆယ်ဖို့အတွက်လည်း တပ်ဖွဲ့ဝင် ၃၂၀၀ကိုစေလွှတ်ခဲ့ပါတယ်။ဒါ့အပြင်ငလျင်လှုတ်ခတ်ခဲ့တဲ့နေရာကို အနံ့ခံခွေးတွေနဲ့ ကျွမ်းကျင်ကယ်ဆယ်ရေးသမား ၆၀၀ကျော်ကိုလည်း စေလွှတ်ထားပါတယ်"ဟု ဒေသဆိုင်ရာ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
::
ငလျင်ဗဟိုချက်သည် လက်ဖက်ရွက်စိုက်ပျိုးရေးဒေသဟုထင်ကြားကျော်ကြားသော Pu'er မြို့မှ ၈၅ကီလိုမီတာခန့်အကွာ Jinggu ခရိုင်ကိုဗဟိုပြုခဲ့ခြင်းဖြစ်ပြီး ယူနန်ပြည်နယ်မြို့တော် ကူမင်း တွင်လည်း ငလျင်လှုပ်ခတ်မှုကို ခံစာခဲ့ရသည်။ငလျင်ပြင်းအားပမာဏသည် ၆ဒသမ၆ အဆင့်ရှိကြောင်း တရုတ်ငလျင်ကွန်ရက်စင်တာ၏ပြောကြားချက်ကိုကိုးကား၍ ဆင်ဟွာ သတင်းဌာနကပြောကြားသည်။
::
ငလျင်လှုပ်ခတ်မှုကြောင့် အိမ်နီချင်းLincang မြို့တွင်လည်း လူနေအိမ် ၄၇၀၀ခန့်ပျက်စီးခဲ့ကြောင်းဆင်ဟွာသတင်းဌာနကပြောကြားခဲ့သည်။ ပျက်စီးနေသောအိမ်များ၊ နံရံများအက်ကွဲမှု၊ခေါင်းမိုးများပြိုကျပျက်စီးမှုနှင့်အပြင်ဘက်တွင်လူများစုဝေးနေပုံများကို လူမှုရေးသတင်းမီဒီယာများ၏ဓာတ်ပုံများတွင် တွေ့ရသည်။

Mizzima ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment