Pages

Friday, October 10, 2014

ကျောက်တန်းမြို့နယ်၊ ရွှေကုန်း ရပ်ကွက်တွင် လျှပ်စစ်မီတာပုံးမှ ၀ါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်

RangonNewsDaily:: October . 9 .2014
၈.၁၀.၂၀၁၄ ရက်နေ့ ၁၉၃၀ အချိန်တွင် ကျောက်တန်းမြို့နယ်၊ ရွှေကုန်း ရပ်ကွက်၊ ဖွံ့ဖြိုးရေး(၁)လမ်း တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ အဆိုပါလမ်းနေ မငယ်လေး(ခ)မခင်မျိုးရီ၊ (၃၅)နှစ်၏နေအိမ်ရှိ လျှပ်စစ်မီတာပုံးမှ ၀ါယာရှော့ဖြစ်၍ မီးစတင်လောင်ကျွမ်းခဲ့ရာ ၎င်း၏နေအိမ်နှင့် အိမ်ချင်းကပ်လျက်ရှိ ဒေါ်စန်း
စန်းအေး၏နေအိမ်တို့အား ကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ ပတ်ဝန်းကျင်ရှိပြည်သူများနှင့်
မီးသတ်ယာဉ်များမှ ၀ိုင်းဝန်း ငြှိမ်းသတ်ခဲ့သဖြင့် ၂၀၀၀ အချိန်တွင် မီးငြိမ်း သွားခဲ့ပြီး နေအိမ်
(၂)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
::
ယင်းသို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် မငယ်လေး(ခ)မခင်မျိုးရီအားကျောက်တန်းမြို့
မရဲစခန်း (ပ)၁၈၁/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်လှစ်ကာ စစ်ဆေးဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိသည်။


Yangon Police ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment