Pages

Friday, October 10, 2014

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ဇီးကုန်းကျေးရွာတွင်အသက် ၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အား အသက် ၆၁ နှစ်အရွယ် လူကြီး တစ်ဦးက အဓမ္မပြုကျင့်

RangonNewsDaily:: October . 9 .2014
ရခိုင်ပြည်နယ် သံတွဲမြို့နယ် ဇီးကုန်းကျေးရွာအုပ်စု ဇီးကုန်းကျေးရွာတွင် အသက် ၉ နှစ် အရွယ် တတိယတန်း ကျောင်းသူ ကလေးငယ် တစ်ဦးအား အသက် ၆၁ နှစ်အရွယ် လူကြီး တစ်ဦးက သားမယား ပြုကျင့်ခဲ့သည်ဟု သတင်း ရရှိသည်။
သံတွဲမြို့နယ် မြို့မ ရဲစခန်းမြောက်ဘက် ၄ မိုင်ခန့်အကွာတွင် တည်ရှိသော ဇီးကုန်းကျေးရွာနေ ဒေါ် (+++) ၏ သမီးဖြစ်သူ အသက် ၉ နှစ်အရွယ် တတိယတန်းကျောင်းသူ (+++) ကို တရွာတည်းနေ ဖြူကြီးခေါ် (ငဖြူကြီး) အသက် ၆၁ နှစ် (ဘ) ဦးဘစိန်မှ သားမယားအဖြစ် ပြုကျင့်ခဲ့သည်ဟု မိန်းကလေးငယ်၏ ဆွေမျိုးတစ်ဦးက ပြောသည်။

ယခုလ ၄ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် အပြုကျင့်ခံရသူသည် နေအိမ်လမ်းပေါ်ရှိ ရေတွင်းတွင် ရေခပ်နေစဉ် ဖြူကြီးခေါ် (ငဖြူကြီး) ရောက်ရှိလာပြီး မီးခြစ်ယူပေးရန်ပြောသဖြင့် နေအိမ်မှ မီးခြစ်အား ယူပေးခဲ့သည်။
::
နေအိမ်တွင်ပြန်ထားခဲ့စဉ် ဖြူကြီးမှ ပိုက်ဆံ ၁၀၀၀ ပေးမည်။ ငါနဲ့လိုက်ခဲ့ပါဟု သွေးဆောင် ခေါ်ဆောင်သွားပြီး ရွာထိပ်ရှိ လူမနေသည့် အိမ်ဟောင်းတစ်လုံး နောက်ဘက် ခြုံတောတွင် တွန်းလှဲကာ သားမယားအဖြစ် ပြုကျင့်ခဲ့ဟု ဆိုသည်။

ထိုသို့ ပြုကျင့်ခံရပြီးနောက် အောက်တိုဘာလ ၅ ရက် နံနက် ၉ နာရီအချိန်တွင် သားမယား ပြုကျင့်ခံရသူ၏ အဖွား ဒေါ်မကြည်ရွှေမှ သံတွဲရဲစခန်းတွင် သွားရောက်အမှုဖွင့်ခဲ့သည်။

သံတွဲမြို့မရဲစခန်းမှ (ပ) ၁၀၆/၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့်ကာ ဒုရဲမှူးကျော်ညွန့် (စခမ) မှ လက်ခံ စစ်ဆေးနေသည်ဟု ရဲစခန်းမှ အတည်ပြု ပြောကြားသည်။
::
အဆိုပါပြစ်မှုအတွက် တရားခံဖြူကြီးခေါ် (ငဖြူကြီး) အား ဖမ်းဆီး၍ ဥပဒေအရ အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

နိရဉ္စရာ ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment